စိန်အကြောင်းသိကောင်းစရာ

The Delhi Sapphire ( Cursed Diamond )

Cursed Diamond The Delhi Sapphire

လစဉ်တိုင်း လစဉ်တိုင်း သဘာဝလွန်ဖြစ်ရပ်တွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကျိန်စာသင့် စိန်တွေအကြောင်းကို တင်ဆက်နေရာကနေ ယခုအခါမှာတော့ Delhi Purple Sapphire ဆိုတဲ့ India ရဲ့ ကြောက်မက်ဖွယ် ကျောက်မျက်ရတနာအကြောင်းကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်ခင်ဗျာ…

Delhi Purple Sapphire ဆိုတဲ့ ကျောက်မျက်အကြောင်းဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပဲ စတင်ခဲ့တာပဲဖြစ်ပါတယ်။ ၎င်းကို The Gem Of Sorrow ဟုလည်းခေါ်ဆိုသမုတ်ကြပြန်သေးသည်။ ကံဆိုးမှုနှင့် နက်နဲသောဝမ်းနည်းမှုကို ယူဆောင်လာခြင်းကြောင့်ပင်ဖြစ်သည်။

 

ကျိန်စာစတင်ခြင်း

1857 ခုနှစ်တွင် အိန္ဒိယသည် ဗြိတိသျှတို့ကို ဆန့်ကျင်သည့် အုံကြွမှုကြီးဖြင့် တိုင်းပြည်ကို ပရမ်းပတာ ပျက်သုဉ်းစေသည့်အပြင် နိုင်ငံရေး၊ ဘာသာရေးများ ကမောက်ကမ ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် ဗြိတိသျှစစ်တပ်က အုံကြွမှုကို နှိမ်နင်းနိုင်ခဲ့သော်လည်း အသက်များစွာ ဆုံးရှုံးခဲ့ရသည်အတွက် နာကြည်းမှုနှင့် အမုန်းတရားများ စုပြုံလာခဲ့သည်။ ထို့ကြောင့်ပင် ဗြိတိသျှစစ်တပ်က ပြတ်ပြတ်သားသား သတင်းစကား ပေးပို့ပြီး အိန္ဒိယပြည်သူလူထုအပေါ် လက်စားချေရန် ဆန္ဒရှိခဲ့သည်။ ထိုကာလအတွင်း ဗြိတိသျှတို့သည် အိန္ဒိယ၏ ဘုရားကျောင်းများနှင့် နန်းတော်များ လုယက်မှုများ၊ ဗြိတိသျှစစ်သားများသည် အဖိုးတန်ပစ္စည်းများနှင့် ရတနာများကို ယူဆောင်သွားခြင်း စသည်တို့မှာ အထူးအဆန်းမဆိုနိုင်တော့ပေ။ ထိုဘုရားကျောင်းများထဲမှ တစ်ခုမှာ ကွမ်ပူ (Kanpur) ရှိ သိကြားမင်း၏ ဘုရားကျောင်းဖြစ်သည်။ ထိုဘုရားကျောင်းသည် ဟိန္ဒူစစ်ပွဲနှင့် မိုးကြိုးနတ်ဘုရား( Indra )အား ရည်စူးထားသည်။

ထိုဘုရားကျောင်းမှ ဘင်္ဂလား မြင်းတပ်သား တစ်ဦးဖြစ်တဲ့ Colonel W. Ferris လုယက်ခဲ့ပြီး အင်္ဂလန်သို့ ယူဆောင်သွားရာကနေ မကောင်းမှုအရိပ်မည်းတွေ စတင်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့နောက် မိသားစုထံသို့ ပြန်လာခဲ့သည်။ အင်္ဂလန်ကို ပြန်ရောက်တာနဲ့ Ferris ဟာ မိသားစုကို ပြိုလဲစေခဲ့တဲ့ ငွေကြေးဆိုင်ရာ ကံဆိုးမှုတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။ ပထမတွင် Colonel W.Ferris သည် သူ၏ ဆုံးဖြတ်မှုညံ့ဖျင်းခဲ့သည်ဟူ၍ အပြစ်တင်ခဲ့သော်လည်း သူ၏မိသားစုဝင်တိုင်းသည် ပြင်းထန်သောဖျားနာမှုများ ဆက်တိုက်ခံစားရသောအချိန်တွင် သူ၏အတွေးများသည် ကျောက်မျက်ရတနာဆီသို့ လှည့်သွားခဲ့သည်။သူ၏အတွေးများကို အတည်ပြုနိုင်ခဲ့ခြင်းမှာ နားမလည်နိုင်စွာ သတ်သေခဲ့သော မိသားစု၏ သူငယ်ချင်းတစ်ဦးကြောင့်ပင်ဖြစ်သည်။ အကြောင်းကား သူ၏ ကျောက်မျက်ရတနာကို ချေးငှားလိုက်ခြင်းဖြင့် သူ၏ကြောက်ရွံ့မှုနှင့် ထင်မြင်မှုတို့ကို အတည်ပြုခဲ့သည်။

1890 ခုနှစ်တွင် ထိုကျောက်မျက်သည် Edward Heron-Allen ၏လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ Heron-Allen သည် သူ့ခေတ်သူ့အခါက အလေးစားရဆုံးသော ပညာရှင်တစ်ဦးဖြစ်သည်။ Polymath၊ စာရေးဆရာ၊ သိပ္ပံပညာရှင် စသဖြင့် သူ၏စိတ်ဝင်စားမှုများမှာ ကျယ်ပြန့်ပြီး သူ၏အရည်အချင်းများ ပေါများသည်။ Edward Heron-Allen သည် အယူသီးမှု၏ လွှမ်းမိုးခံရမည့်သူမဟုတ်သည်မှာ သေချာသည်။ သူသည် ထိုကဲ့သို့သော ဆင်ခြင်တုံတရားရှိသူ ဖြစ်သောကြောင့် 1890 ခုနှစ်တွင် Colonel W.Ferris ၏သားဖြစ်သူထံမှ ကျောက်တုံးကို လက်ခံရန် သဘောတူခဲ့သည်။

ထိုကျောက်မျက်ရတနာကို ပိုင်ဆိုင်ပြီး မကြာခင်မှာပဲ ဆင်ခြင်တုံတရားရှိတဲ့ သိပ္ပံပညာရှင်ဟာ သူ၏အကြောင်းပြချက်များ အားလုံးကို စွန့်လွှတ်ခဲ့ရသည်အထိ ကျောက်ကျိန်စာကြောင့် ကံဆိုးမိုးမှောင်ကျခဲ့ရသည့် ဖြစ်ရပ်တွေကို ဆက်တိုက် ကြုံတွေ့ခဲ့ရပါသည်။ ၎င်းကျိန်စာ၏ စွမ်းအားကို ချေဖျက်နိုင်ရန်အတွက် ဗေဒင်ဆရာ Heydon ရဲ့လက်စွပ်တစ်ကွင်းဖြစ်တဲ့ ခေါင်းနှစ်လုံးပါသော မြွေတစ်ကောင်အဖြစ် ပုံစံပြုလုပ်ထားသော ငွေလက်စွပ်ကို Heron-Allenသည် ထို Delhi Sapphire နှင့် ချည်နှောင်ထားခဲ့သည်။ ထို့အပြင် Amethyst နွားချေးပိုးမွှားနှစ်ကောင်ကိုလည်း ချိတ်တွဲထားပြီး လက်စွပ်ကို ရာသီခွင်သင်္ကေတများဖြင့် ရေးထိုးထားသည်။ ထိုကဲ့သို့ ချည်နှောင်ပြီးနောက်ပိုင်းတွင် ကျိန်စာသင့် ဒေလီခရမ်းရောင်နီလာ (Delhi sapphire) သည် တိတ်ဆိတ်နေခဲ့ပေသည်။ ကျိန်ခြင်းခံရသည့် တစ်ခုတည်းသော အရိပ်အမြွက်မှာ Heron-Allen အားဟိန္ဒူယောဂီတစ်ဦး၏ အသွင်အပြင်ဖြင့် ခြောက်လန့်ခဲ့ခြင်းပင်ဟု သိရသည်။ ထိုယောဂီနှင့်သူသည် ထိုကျောက်မျက်ရတနာကို အသည်းအသန်ရှာဖွေကာ မိသားစုအိမ်တွင်း၌ ပေါ်လာသည်ဟူ၍လည်းသိရှိရသည်။
၎င်းကျောက်တုံးကို ထိုယောဂီဝတ်နှင့်သူသည် ပြန်ယူဖို့ ကြိုးစားနေသကဲ့သို့ ခြောက်ခြားဖွယ် အခန်းထောင့်မှာ ခြေဖနောင့်ပေါ်ထိုင်ကာ ကြမ်းပြင်ကို လက်နဲ့ တူးပြီး ရှာဖွေနေခြင်းကို Heron-Allen တို့၏စာကြည့်တိုက်ထဲတွင် တွေ့ရှိနေရကြောင်း စသဖြင့် ခြောက်ခြားဖွယ်အဖြစ်အပျက်တွေကိုကြုံခဲ့ရကြောင်းသိရှိရသည်။ The English Polymath Edward Heron-Allen သည် ဤကျောက်စိမ်းတုံးကြီးသည် “ ပြင်းထန်စွာ ကျိန်ဆဲခြင်း ” ဟူ၍ဆိုရလောက်အောင်ထိ ကံဆိုးမိုးမှောင်ကျမှုများကို ခံစားခဲ့သူဖြစ်သည်။ သူသည် ၎င်းကျောက်စိမ်းတုံးကြီး ( Delhi Purple Sapphire )ကို အကြိမ်ပေါင်းများစွာ ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သေးသည်။ သူနဲ့ရင်းနှီးသော သူငယ်ချင်းများထံသို့လည်း လက်ဆောင်ပေးရန် ကြိုးစားခဲ့ကာ ၎င်းတို့ကိုယ်တိုင် ကံဆိုးမိုးမှောင်ကျခဲ့ရပြီး ကျောက်စိမ်းတုံးကြီးကို ပြန်ပေးခဲ့ရသည့်အထိ ဖြစ်ခဲ့ရသည်။ Edward Heron-Allen သည်ကား ထိုထက် ပို၍ဆိုးသော ကံဆိုးမိုးမှောင်ကျမှုကို ခံစားခဲ့ရပြီးနောက် ၎င်းအား Regent တူးမြောင်းတစ်ခုထဲသို့ လွှင့်ပစ်ခဲ့သည်။ သို့ပေမယ့်လည်း ကံဆိုးမှုဟာ သူရဲ့နောက်ကို အရိပ်သဖွယ် ကပ်လိုက်နေခဲ့ပြီး လွှင့်ပစ်ပြီး သုံးလအကြာမှာတော့ ထိုကျောက်စိမ်းတုံးကြီးကိုပဲ တူးမြောင်းမှ သောင်တူးကာ ဒေသခံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်ထံသို့ပြန်လည်ရောက်ရှိခဲ့ပြန်သည်။ ထိုကျောက်စိမ်းတုံးကြီးကို မြင်လျှင်ပင် Edward Heron-Allen လက်စွပ်ပေါ်တွင် တပ်ဆင်ထားသည့် ကျောက်တုံးကို ချက်ချင်းပင် မှတ်မိနေသည့်အတွက် ထိုကျောက်မျက်ရတနာ လုပ်ငန်းရှင်သည် ထိုရတနာနဲ့ ထိုက်တန်သည်ဟူသော အတွေးဖြင့် Edward Heron-Allen သို့ပြန်လည်ပေးအပ်ခဲ့ပြန်သည်။ ထို့နောက် တစ်ခြားသော ဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာသည်။ ထိုသူဟာ အဆိုတော်တစ်ဦးဖြစ်ပြီး ၎င်း Delhi Purple Saphhireကို သူ၏သူငယ်ချင်းတစ်ယောက်မှတစ်ဆင့် ကျောက်မျက်ရတနာကို Edward Heron-Allen ဆီမှ ငှားခိုင်းပြီး လက်ခံရရှိပြီးသည့်နောက်တွင် အလွန်အမှောင်ဖုံးလွှမ်းကာ အသံပျောက်ခဲ့ရသော ကံဆိုးမှုကို ကြုံတွေ့ရခဲ့သည်။ နောက်ဆုံးမှာတော့ သူ့ရဲ့မွေးကင်းစသမီးလေး မွေးဖွားလာမှုကို ထိခိုက်မှာစိုးလို့ Edward က သေတ္တာခုနှစ်လုံးဖြင့် ထိုကျောက်စိမ်းတုံးကြီးကို သော့ခတ်ထားခဲ့ပြီး သူသေဆုံးပြီး သုံးဆယ့်သုံးနှစ်ကြာတဲ့အထိ မဖွင့်ဖို့ ဘဏ်လုပ်ငန်းရှင်ကို ညွှန်ကြားခဲ့ပါတယ်။

1944 ခုနှစ်တွင် Heron-Allen ကွယ်လွန်ခဲ့သည်။ အချိန်တစ်ခုရောက်တဲ့အခါမှာတော့ Edward သမီးဖြစ်သူသည် လန်ဒန်ရှိ သဘာဝသမိုင်းပြတိုက်သို့ ထိုကျောက်စိမ်းတုံးကြီး ( Delhi Purple Sapphire )အား လှူရန် သွားတဲ့အခါမှာတော့ ဖခင်ဖြစ်သူထံမှ လက်ရေး မှတ်စုတစ်စောင် နဲ့ ထိုကျောက်စိမ်းတုံးကြီးရဲ့ ကျိန်စာသင့်သော သမိုင်းကြောင်းကို စာဖတ်သူအား သတိပေးသည့် သေတ္တာတစ်ခု တွေ့ရှိခဲ့သည်။ ထို Delhi Purple Sapphire ကျောက်စိမ်းတုံးကြီးသည် “ကျိန်စာသင့်ပြီး သွေးများစွန်းထင်းနေပြီး ၎င်းကို ပိုင်ဆိုင်ဖူးသူတိုင်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်” ဟု Heron-Allen က သတိပေးခဲ့သည်။ ၎င်း၏စွပ်စွဲတတ်သော မကောင်းမှု များကိုသတိထားပါ၊ ၎င်းကိုသေတ္တာခုနစ်လုံးတွင်သော့ခတ်ထားပြီး ကံကောင်းခြင်းကျက်သရေများဖြင့်ဝန်းရံထားကာ ထိန်းသိမ်းထားခဲ့သည်။ “ဘယ်သူမဆို ဒီပုံးကိုဖွင့်ပြီး လိုချင်တာမှန်သမျှ လုပ်ပါ။ ဒါပေမယ့် ငါ့ရဲ့ အကြံပေးချက်ကတော့ ပင်လယ်ထဲ ပစ်ချဖို့ပါပဲ” ဟူ၍လည်း ရေးသားပြောဆိုခဲ့ပါသေးသည်။

ထို နက်ရှိုင်းမှုတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ ပြည့်နှက်နေသော ဒေလီခရမ်းရောင်နီလာ (Delhi Purple Sapphire) ကို လန်ဒန်မြို့ သဘာဝသမိုင်းပြတိုက်၏ Vault စုစည်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုအချိန်ထိ ပြသထားသည်။အများသူငှာ အံ့အားသင့်ဖွယ်ကောင်းကာ တူညီသောအတိုင်းအတာဖြင့် လူအများအတွက် ဆွဲဆောင်မှုရှိကြောင်း ပြသလေ့ရှိသည်။ မည်သို့ပင်ဆိုစေကာမူ၊ ထိုကျောက်မျက်ရတနာသည် ၎င်းနှင့်နီးစပ်သူများအပေါ် မကောင်းသော သြဇာလွှမ်းမိုးမှုရှိကြောင်း ကောလာဟလများစွာ ထွက်ပေါ်နေသေးသည်။ 2004 ခုနှစ်တွင် ပြတိုက်မှ ပြတိုက်မှူး John Whittaker သည် ကျောက်တုံးအား Heron-Allen Society တွင် ဟောပြောပွဲတစ်ခုသို့ ပို့ဆောင်ရန် တောင်းဆိုခဲ့သည်။ ထိုခရီးတွင် Whittaker နှင့် သူ၏ဇနီးသည် မိုးကြိုးပစ်ခံရပြီး ပြင်းထန်သော ဒဏ်ရာမရရှိခဲ့ပဲ အသက်ဘေးအန္တရာယ် လွတ်မြောက်ခဲ့သည်။ သို့ပင်မယ့်လည်း ဒုတိယ အကြိမ် ပို့ဆောင်ခိုင်းပြီး ပြင်းထန်စွာ နာမကျန်းထပ်ဖြစ်ခဲ့ရပြန်သည်။ တတိယ အကြိမ်ပို့ဆောင်သည့်အချိန်တွင်လည်း ထိုနာမကျန်းဝေဒနာကြောင့် လဲကျကာကျောက်ကပ်ကျောက်တည်ခြင်းစသည့် ကျန်းမာရေးအခက်အခဲများထပ်မံကြုံတွေ့ခဲ့ရပြန်သည်။

ထိုကဲ့သို့သော အဖြစ်အပျက် အကြောင်းအရာများကြောင့် The Gem Of Sorrow ဟူသော Delhi Sapphire ကို 20ရာစုတွင် လူအများစုက ကျိန်စာလား တိုက်ဆိုင်မှုလား စသဖြင့် အမျိုးမျိုးသော ပြောဆိုမှုတွေရှိနေသည်။ထို့အပြင် ဇာတ်လမ်း၊ ဇာတ်ကြောင်းတစ်ခုလုံးကို Heron-Allen က လုပ်ကြံပြောဆိုထားသည်ဟု အချို့က ယုံကြည်ကြသော်လည်း စိတ်ဝင်စားစရာမှာ သူ့မြေး Ivor သည် ၎င်းကျောက်မျက်ရတနာကို လုံးဝမထိခဲ့ရပေ။ထို့အပြင် ယခုအချိန်အထိ သမိုင်းတစ်လျှောက် နီလာဟု မှားယွင်းစွာ ဖော်ပြထားသောခဲ့သော Delhi Sapphire သည် သာမန် ခရမ်းရောင်ကျောက်( Purple Amethyst )တစ်ခုသာဖြစ်ကြောင်း။ ဖြစ်ရပ်ဆိုးတွေက ကျိန်စာကြောင့်သာဆိုလျှင် ထိုကျိန်စာဟာ အိန္ဒိယရှိ မူလ ဟိန္ဒူဘုရားကျောင်းသို့သာ ပြန်ရောက်သွားမှသာ ကျိန်စာ အဆုံးသတ်သွားနိုင်ခြင်း ဖြစ်နိုင်သည်ဟုလည်း တွေးတောရင်းဖြင့် ဒီကနေ့ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မှ ရွှေလက်တွဲဖော် Customers များအား တင်ဆက်ပေးခဲ့သော စိတ်ဝင်စားဖွယ် ကျိန်စာသင့်ကျောက်မျက်ရတနာအကြောင်းကို ခေတ္တအနားပေးရင်းဖြင့်နောက်လာမည့် Content တွေမှာ ပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာ…