အထွေထွေသိမှတ်စရာ

ချွတ်ရခက်တဲ့ လက်စွပ်လေးကို အလွယ်တကူချွတ်နိုင်မယ့် နည်းလမ်းများ

awaytoeasilytakeoffaring

လက်စွပ်လေးတွေသည် အခုနောက်ပိုင်းတွင် လက်ဝတ်အဆင်တန်ဆာ တစ်ခုအနေနှင့်သာမက ဖက်ရှင်ရေစီးကြောင်းတစ်ခုအနေနှင့်ပါ ဝတ်ဆင်လာကြပါသည်။ လက်စွပ် ဝတ်မည်ဆိုလျှင်လည်း မိမိလက်တိုင်းကို သိထားသင့်ပြီး မိမိလက်တိုင်းနှင့် သင့်တော်မည့် လက်စွပ်လေးတွေကို ရွေးချယ် ဝယ်ယူရမည်မှာလည်း အရမ်းအရေးအကြီးပါသည်။ အချို့သော လက်စွပ်လေးတွေသည် မိမိလက်ချောင်းလေးနှင့် တော်မည်အထင်နှင့် ဝတ်လိုက်သော်လည်း ပြန်ချွတ်သော အခါ ချွတ်မရတော့ပဲ အခက်အခဲဖြစ်လာရသည်။ ပြန်ချွတ်မရသော လက်စွပ်ကို အတင်းအကျပ် ချွတ်သောအခါ လက်ဆစ်များနာခြင်း၊ နီမြန်းခြင်း စတဲ့ ဒဏ်ရာများဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် လက်စွပ်ချွတ်မသော အခက်အခဲအတွက် အိမ်တွင်းမှာပင် လွယ်လွယ်ကူကူ နှင့် ပြုလုပ်၍ရသော နည်းလမ်းလေးများကို ဖော်ပြပေးလိုက်ပါသည်။

 

ချွတ်ရခက်တဲ့ လက်စွပ်လေးကို အလွယ်တကူချွတ်နိုင်မယ့် နည်းလမ်းများ 02 Ice Water 1

ရေခဲရေ

ပထမဆုံးနည်းလမ်းလေးသည် ချွတ်မရ၍ ကျပ်နေသော လက်စွပ်လေးကို ရေခဲရည်ထဲကို စက္ကန့် ၃၀ ခန့် စိမ်ထားလိုက်ပါ။ ထိုကဲ့သို့ပြုလုပ်ပေးခြင်းအားဖြင့် အအေးဓာတ်ကြောင့် မိမိ၏ လက်ချောင်းလေးသည် အနည်းငယ် ကျုံ့သွားနိုင်ပါသည်။ ထို့နောက်တွင်မှ ချွတ်မရသော လက်ချောင်းလေးအား ဖြည်းဖြည်းချင်း ချွတ်ကြည့်လိုက်ပါ။ လက်စွပ်လေး အလွယ်တကူ ချွတ်၍ရနိုင်မည်ကို တွေ့ရမည်ဖြစ်ပါသည်။

ချွတ်ရခက်တဲ့ လက်စွပ်လေးကို အလွယ်တကူချွတ်နိုင်မယ့် နည်းလမ်းများ 03 Soap 1

ဆပ်ပြာဆီ

ဒုတိယ နည်းလမ်းလေးသည် ပန်းကန်ဆေး ဆပ်ပြာဆီ ကိုအသုံးပြုနိုင်ပါသည်။ ဆပ်ပြာဆီ အနည်းငယ်ကို မိမိ၏ ချွတ်မရသော လက်စွပ်လေးပေါ်သို့ အနည်းငယ် အသုံးပြု၍ ဖြည်းညှင်းစွာ လှည့်ချွတ်ကြည့်ပါ။ ထိုအခါ ချောနေသော ဆပ်ပြာဆီနှင့်အတူ လက်စွပ်လေးအလွယ်တကူ ချောင်လာမည်ကိုတွေ့မြင်နိုင်မည်ဖြစ်ပါသည်။

ချွတ်ရခက်တဲ့ လက်စွပ်လေးကို အလွယ်တကူချွတ်နိုင်မယ့် နည်းလမ်းများ 04 Needle Thread 1

အပ်ချည်ကြိုး

တတိယမြောက်နည်းလမ်းလေးသည် အပ်ချည်ကြိုးကို အသုံးပြုခြင်းဖြစ်ပါသည်။ ကျပ်နေသော လက်စွပ်အတွင်းသို့ ချိတ်(သို့မဟုတ်) အပ်ကိုအသုံးပြု၍ အပ်ချည်ကြိုးလေးကို ထိုးသွင်းလိုက်ပါ။ ထို့နောက် ကျန်နေသောအပ်ချည်ကို ယူပြီး မိမိ၏ လက်ချောင်းကို တင်းအောင် လက်စစ်အထိ ချည်လိုက်ပါ။ ပြီးနောက် ချိတ်(သို့မဟုတ်) အပ်ဖြင့် ထိုးသွင်းထားသော အပ်ချည် အစလေးကို ယူပြီး ပြန်ဖြည်လိုက်ပါ။ ထိုအခါ မိမိ၏ ချွတ်မရသော လက်စွပ်လေးသည် အလွယ်တကူ ချွတ်ရမည်ကို တွေ့ရမည်ဖြစ်ပါသည်။

ချွတ်ရခက်တဲ့ လက်စွပ်လေးကို အလွယ်တကူချွတ်နိုင်မယ့် နည်းလမ်းများ 05 Body Lotion 1

Body Lotion

ချွတ်မရသော လက်စွပ်လေး ပေါ်သို့ body Lotion အနည်းငယ် သုတ်လိမ်း၍ လက်စွပ်အား ချွတ်ကြည့်ပါ။ Body Lotion တွင်ပါဝင်သော အချောဆီကြောင့် ချွတ်မရသော လက်စွပ်သည် အလွယ်တကူပင် ပါလာမည်ဖြစ်ပါသည်။

ယခုဖော်ပြပေးသော နည်းလမ်းလေးများသည် ကျပ်၍ချွတ်မရသော လက်စွပ်လေးများအတွက် လွယ်လွယ်ကူကူ ပြုလုပ်၍ရနိုင်သော အသုံးဝင်သည့် နည်းလမ်းလေးများဖြစ်ပြီး မိမိအိမ်တွင်းမှာပင် စမ်းသပ်ကြည့်ဖို့ အကြံပေး ဖော်ပြပေးလိုက်ပါသည်။