ပရဟိတ ကောင်းမှုပြုခြင်း

သန်လျင်ကျောက်တန်းမြို့နယ်ရှိ သီလရှင်ကျောင်း ဘုရားခန်းအဆောင်တိုးချဲ့ လှူဒါန်းခြင်း

သီလရှင်ကျောင်း ဘုရားကျောင်းဆောင်အလှူ

ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင် မိသားစုမှ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ကျောက်တန်းမြို့နယ် မြိုင်သာယာ (၁) ရပ်ကွက်ရှိ အတုမရှိသော ဗုဒ္ဓမြတ်စွာဘုရား၏ သမီးတော်များဖြစ်ကြသော သီလရှင်ဆရာလေးများ၏ ကျောင်း‌ဆောင်တွင် ဘုရားဆောင် တိုးချဲ့ရန်အတွက် အလှူငွေအဖြစ် ငွေကျပ် တစ်ဆယ့်ငါးသိန်း (၁၅သိန်း) အား စေတနာ သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ပါသည်။ ထိုကဲ့သို့ လှူဒါန်းနိုင်ခြင်းမှာ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်တွင် အစဉ်မပြတ် ဝယ်ယူအားပေးကြသော မိတ်ဟောင်းမိတ်သစ် Customer များကြောင့်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ချစ်ခင်ရသော Customer များအားလုံးလည်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ထိုကဲ့သို့ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုအစုစုကို ဦးထုံရွှေပန်းထိမ်မိသားစုများနှင့်အတူ မိဘပြည်သူများအားလုံးနှင့် မိတ်ဟောင်းမိတ်သစ် Customer များအားလုံး ထပ်တူထပ်မျှ ရရှိကြပြီး နတ်လူသာဓုခေါ်ဆိုနိုင်ရန်အတွက် မျှဝေပေးလိုက်ပါသည်။ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစုများကဲ့သို့ သွားရောက်လှူဒါန်းချင်သူများအတွက် သီလရှင်ဆရာလေးများ၏ ကျောင်းလိပ်စာလေးကို ဖော်ပြပေးလိုက်ပါသည်။

သီလရှင်ဆရာလေးများ၏ ကျောင်းအား ဆက်သွယ်ရန်
သံမန်ဦး ဘုန်းကြီးကျောင်းရှေ့မှတ်တိုင် မြိုင်သာယာ (၁) ရပ်ကွက်၊ သန်လျင် ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန် ဖုန်းနံပါတ် – 09 421101594