ပရဟိတ ကောင်းမှုပြုခြင်း

စိတ်ကျန်းမာရေးဆေးရုံကြီး

1

ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်မိသားစုကို ဦးစီးတည်ထောင်ခဲ့သော ဦးထုံ၏နှစ်(၁၀၀)ပြည့်မွေးနေ့အလှူအဖြစ် ဒဂုံမြို့နယ်ရှိ စိတ်ကျန်းမာရေးဆေးရုံကြီးသို့ သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ဆေးရုံကြီးတွင် Covid-19 ရောဂါကြောင့် လူဒါန်းမှုများနည်းပါးသွား၍ ရောဂါဝေသနာရှင်များအနေဖြင့် အစားအသောက်အခက်ခဲနှင့် တစ်ခြားသောလိုအပ်မှုများကို ဖြည့်ဆည်းနိုင်ရန်အတွက် ငွေသားအလှူကို လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန်အတွက် သွားရောက်လှူဒါန်းမှု ပြုလုပ်ခဲ့ပါသည်။ ဝေဒနာရှင်များကို ပြုစုကုသပေးနေသော ဆရာဝန်များနှင့် ဝန်ထမ်းများအားလုံး၏ မေတ္တာစေတနာများကို ကြည့်ပြီး အလွန်ပင်ပီတိဖြစ်မိပါသည်။ စိတ်ကျန်းမာရေးဆေးရုံအတွက် လိုအပ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည်တို့ကို လှူဒါန်းပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ပါသည်။ အလှူရေစက်လက်နှင့်မကွာလှူဒါန်းနိုင်ခြင်းမှာ ဦးထုံရွှေဆိုင်တွင်အစဉ်အမြဲဝယ်ယူအားပေးသည့် Customers ကြောင့်သာဖြစ်ပါ၍ ပြုလုပ်ခဲ့သည့်ကောင်းမှုကုသိုလ်များကို နတ်လူသာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါသည်။