ပရဟိတ ကောင်းမှုပြုခြင်း

မေတ္တာဝါဒီဟင်္သာတပရဟိတကျောင်းတိုက်

3

ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်ကို စတင်ဦးစီးတည်ထောင်ခဲ့သော ဦးထုံ၏နှစ်(၁၀၀)ပြည့်မွေးနေ့အလှူအဖြစ် (၂၉.၅.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် မေတ္တာဝါဒီ ဟင်္သာတ ပရဟိတကျောင်းတိုက်တွင် မှီတင်းနေထိုင်ကြကုန်သော ဆရာတော်၊ သံဃတော်များနှင့် ဗမာလူမျိုးများအပါအဝင် တိုင်းရင်သားလူမျိုးစု မိဘမဲ့ကလေးများအတူအကွ စုပေါင်းနေထိုင်ကြသည်။ မိဘများ၏ နွေးထွေးကြင်နာမှုကို မရခဲ့သည့် ခိုကိုးရာ၊ အားကိုးရာမဲ့နေသော ကလေးသူငယ်များကို လုံခြုံနွေးထွေးသောမေတ္တာဓာတ်များနှင့် ကြင်နာမှုများကိုပေးစွမ်းနိုင်သော ပရဟိတကျောင်းလေးဖြစ်ပါသည်။ အေးချမ်းသာယာလှသည့် ပရဟိတကျောင်းလေးတွင် နေထိုင်သော ကလေးသူငယ်များအတွက် လိုအပ်သည့် ဆေးဝါးထောက်ပံ့မှု၊ အစားအသောက်၊ အဝတ်အထည်များအပါအဝင် တစ်ခြားသောလိုအပ်သည်များကို အသုံးပြုနိုင်ရန်အတွက် ဦးထုံရွှေဆိုင်မှ ငွေသားအလှူများကို စေသနာထက်သန်စွာဖြင့် လှူဒါန်းနိုင်ခဲ့ပါသည်။ အလှူဒါန်းများကို နှစ်စဉ်နှစ်တိုင်းပြုလုပ်နိုင်ခဲ့ခြင်းမှာ ဦးထုံရွှေဆိုင်တွင် စဉ်ဆက်မပြတ်အားပေးခဲ့ကြသည့် မိတ်ဟောင်း မိတ်သစ် Customers များအားလုံး၏ ကျေးဇူးကြောင့်သာဖြစ်ပါသည်။ လှူဒါန်းပြုလုပ်ခဲ့သည့် ကောင်းမှုကုသိုလ်များကို ဦးထုံရွှေဆိုင်မိသားများနှင့်အတူ ထပ်တူထပ်မျှရရှိနိုင်ရန် မျှဝေပေးလိုက်ပါသည်။ ဦးထုံရွှေဆိုင်မိသားစုများကဲ့သို့ သွားရောက်လှူဒါန်းခြင်သူများအတွက် မေတ္တာဝါဒီဟင်္သာတ ပရဟိကျောင်းတိုက်ကို သွားရောက်လှူဒါန်းချင်သူများအတွက် ပရဟိတကျောင်းတိုက်၏ လိပ်စာလေးကို မျှဝေပေးလိုက်ပါသည်။

မေတ္တာဝါဒီဟင်္သာတပရဟိတကျောင်းတိုက်
ဆက်သွယ်ရန်လိပ်စာ
မာလာမြိုင်(၁၀)လမ်း၊ (၁၆)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်း။
ဖုန်းနံပါတ် 09-5418515 / 09-690736835