ကျောက်မျက်အကြောင်းသိကောင်းစရာ, မွေးနေ့ကျောက်

December Birthstone သို့မဟုတ် Zircon (ဂေါ်မိတ်)

december birthstone zircon, u hton goldsmith , myanmar

 

ဒီတစ်ခါမှာတော့ မွေးနေ့လတွေအတွက် Birthstone လေးတွေအကြောင်း မျှဝေလာခဲ့တာ အခု December လဖြစ်တဲ့ Latest Birthstone လေးအကြောင်းမျှဝေပေးဖို့ အချိန်ရောက်လာပြီပဲ ဖြစ်ပါတယ်။ ဆောင်းရာသီရဲ့အအေးဆုံးလလို့ တင်စားကြတဲ့ December လ မွေးနေ့ရှင်တို့အတွက် မွေးနေ့ကျောက်လေးကတော့ Zircon လို့ခေါ်တဲ့ မြန်မာလိုဆိုရင်တော့ ဂေါ်မိတ်လို့ အမည်တွင်တဲ့ ကျောက်ကလေးပဲ ဖြစ်ပါတယ်။ “Zircon” ဆိုတဲ့စကားအရင်းအမြစ်ကို ပညာရှင်အချို့ကတော့ အာရဗီစကားလုံး Zarkun မှဆင်းသက်လာတာဖြစ်ပြီး အဓိပ္ပါယ်အားဖြင့်တော့ Cinnabar သို့ Vermilion လို့အဓိပ္ပါယ်ရတယ်လို့ဆိုပြီး မြန်မာလိုအနက်ဖွင့်ရရင်တော့ ရွှေရောင်ကျောက်လို့ တင်စားရမှာ ဖြစ်ပါတယ်။ Zircon (ဂေါ်မိတ်)ကျောက်လေးဟာ အရောင်အားဖြင့် အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အညိုရောင်နဲ့ အရောင်မပါတဲ့ Colorless အနေနဲ့လည်း တွေ့ရှိရတတ်ပါတယ်။ တစ်နည်းအားဖြင့် ၎င်းကို အရောင်အသွေးစုံလင်လှသဖြင့် ရောင်စုံမီးဟူ၍လည်း တင်စားကြပါတယ်။

လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက Zircon ကျောက်လေးကို ဝတ်ဆင်ခြင်းအားဖြင့် နှစ်ခြိုက်စွာအိပ်ပျော်စေပြီး နတ်ဆိုးများရဲ့ အန္တရာယ်က ကာကွယ်ပေးနိုင်မယ်လို့ယုံကြည်ခဲ့ကြပြီး ဝတ်ဆင်မှုများ ခေတ်စားခဲ့ကြပါတယ်။ ဟိန္ဒူဘာသာအရလည်း Zircon ကျောက်လေးကို ဝတ်ဆင်ခြင်းဟာ မကောင်းသောအန္တရယ်တွေက ကာကွယ်ပေးနိုင်ပြီး စည်းစိမ်ဥစ္စာ၊ ဉာဏ်ပညာနှင့် ကျန်းမာရေးကောင်းခြင်းတို့မှလည်း ဆောင်ကြဉ်းပေးနိုင်သည်ဟု ယုံကြည်လက်ခံခဲ့ကြသည်။ အများအားဖြင့် Zircon ကျောက်များကို သိရိလင်္ကာနိုင်ငံတွင် ဒဏ္ဍာရီဆန်စွာ အမြောက်အများတွေ့ရှိရပြီး အီလာဟာသည် သီရိလင်္ကာအလယ်ပိုင်းရှိ ဒေသတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် Zircon ကျောက်အများဆုံး တူးဖော်တွေ့ရှိရာဒေသလည်း ဖြစ်သည်။ သြစတြေးလျနိုင်ငံ Harts Range ဒေသတွင်လည်း အဝါရောင်၊ အညိုရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်နှင့် ခရမ်းရောင် Zircon ကျောက်များကို တွေ့ရှိရပြီး မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင်လည်း Zircon ကျောက်များထွက်ရှိတတ်သည်။

Zircon ကျောက်သည် MOHS မာကြောမှုအဆင့်သတ်မှတ်ချက်တွင် မှ ၇.၅ စကေးအတွင်းတည်ရှိသဖြင့် ယေဘုယျအားဖြင့် အနည်းငယ်မာကျောမှုရှိသော ကျောက်မျက်တစ်မျိုးဖြစ်သည်။ ဒါ့အပြင် မြင့်မားသော အပူချိန်ပေါ်မူတည်၍လည်း အရောင်ပြောင်းလဲနိုင်သော ကျောက်မျက်အမျိုးအစားဖြစ်သည်။

ဓာတုပစ္စည်းထိတွေ့မှုကို ခံနိုင်ရည်ရှိသော်လည်း အပူ၏ ဒဏ်ကိုမူ ခံနိုင်စွမ်းနည်းပါးသည်။ ထို့ကြောင့် Zircon ကျောက်လေးကို ဝတ်ဆင်တဲ့နေရာမှာ အပူနှင့် တိုက်ရိုက်ထိတွေ့မှုများခြင်းကို သတိထားသင့်ပါသည်။ Zircon ကျောက်လေးကို သန့်စင်စေဖို့ ဆေးကြောတဲ့နေရာမှာ နူးညံ့သော Brush ကို အသုံးပြုပြီး နူးညံ့သောဆပ်ပြာဖြင့်သာ သန့်ရှင်းရေးပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။

အခုမျှဝေပေးခဲ့တာကတော့ ဒီဇင်ဘာလမွေးနေ့ရှင်လေးတွေအတွက် တန်ဖိုးရှိတဲ့ မွေးနေ့ကျောက်လေးဖြစ်တဲ့ Zircon လို့ခေါ်တဲ့ ဂေါ်မိတ်ကျောက်လေးအကြောင်းပဲ ဖြစ်ပါတယ်။ မွေးနေ့ကျောက်လေးတွေရဲ့ တစ်လချင်းစီ စိတ်ဝင်စားဖွယ်အချက်လေးတွေကို ဗဟုသုတရရှိစေဖို့ ရည်ရွယ်ပြီး မျှဝေပေးခဲ့တာမို့ ကျေနပ်ကြမယ်လို့ ယုံကြည်ပါတယ်နော်။ ကိုယ့်ရဲ့ မွေးနေ့ကျောက်လေးတွေအပြင် ကိုယ်ချစ်တဲ့သူတွေအတွက်လည်း သူတို့ရဲ့ မွေးနေ့ကျောက်လေးတွေကို သူတို့ကိုယ်တိုင်သိစေဖို့အတွက်လည်း မျှဝေပေးလိုက်ဖို့တောင်းဆိုလိုက်ရပါတယ်နော်…