ပရဟိတ ကောင်းမှုပြုခြင်း, လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ဆောင်ချက်

ကြည့်မြင်တိုင် မြို့နယ်ရှိ လှုမှုဝန်ထမ်းဦးစီးဌာန မျက်မမြင်ကျောင်း အလှူဒါန

ကြည့်မြင်တိုင်မြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန

ဦးထုံရွှေပန်းထိမ်နှင့် ရတနရွှေဆိုင်မိသားစုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြည့်မြင်တိုင်မြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မျက်မမြင်ကျောင်းတွင် နှစ်စဉ်လှူဒါန်းသကဲ့သို ငွေသားအလှူကြီးကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင်လည်း သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ မျက်မမြင်လူငယ် ကျောင်းသား၊ ကျောင်းသူများ၏ အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် စာပေရေးရာအသွယ်သွယ် ၊ ကျန်းမာရေးအဖြာဖြာစသော လိုအပ်မှုများကို တစ်ဖက်တစ်လှမ်းမှ ဖြည့်ဆည်ပေးနိုင်ခဲ့ပါသည်။ မိမိတို့မှာ ချို့ယွင်းချက်များရှိနေသော်လည်း ကျောင်းတော်ကြီး၏ ဖေးမကူညီမှု ၊ လူသားဆန်သော သူတို့၏ ဝိုင်းဝန်းကူညီမှုတို့ကြောင့် ဘဝကို လွယ်ကူစွာ အရှုံးမပေကြဘဲ အားငယ်မှု အရိပ်ယောင်များကို အပြီးပိုင်မောင်းထုတ်နေကြပါသည်။ သာမန်လူများထက်သာလွန်စွာ ဘဝအလင်းရောင်ဖြာဝေလာအောင် လောကကြီး၏ အမှောင်ထုကို တွန်းလှန်အံတုဖြိုခွင်းနေသည်မှာ လေးစားဂုဏ်ယူဖွယ်မြင်ကွင်းတစ်ရပ်ပင်ဖြစ်ပါသည်။ လောကဓံအမှောင်ထုကြီးကို မျက်မမြင်လူငယ်လေးများနှင့်အတူတကွပါဝင်ကာ တွန်းဖယ်၍ အလင်းတန်းအသွယ်သွယ်ကို ကူညီဖော်ဆောင်နိုင်ခဲ့သည်မှာ ဦးထုံရွှေဆိုင်၏ Customer များရဲ့ စစ်မှန်သော မေတ္တာတရားများကြောင့်သာဖြစ်ပါသည်။ ဦးထုံရွှေဆိုင်မိသားစုကြီး၏ လှူဒါန်းခဲ့သော ကောင်းမှုကုသိုလ်များကို မိတ်‌ဟောင်းမိတ်သစ် ဝယ်ယူသူများနှင့် နတ်လူအပေါင်း သာဓုအလွန်မောဒန ခေါ်ယူနိုင်ကြစေရန် မျှဝေတင်ပြပေးလိုက်ပါသည်။ ဦးထုံရွှေဆိုင်မိသားစုများနှင့်အတူ လှူဒါန်းပြုလုပ်ခဲ့သည့် အလှူများကို နတ်လူသာဓုခေါ်နိုင်စေရန်အတွက် မျှဝေပေးလိုက်ပါသည်။ သွားရောက်လှူဒါန်းချင်သူများအတွက် ကျောင်း၏လိပ်စာလေးကို‌ မျှဝေပေးလိုက်ပါသည်။

ကြည့်မြင်တိုင်၊ မျက်မမြင်ကျောင်းသို့ ဆက်သွယ်ရန်လိပ်စာ
အမှတ်(၁၃၂)၊ ပန်းပင်ကြီးလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် 01-7317126 /01-7317070