ရွှေအကြောင်းသိကောင်းစရာ

မြန်မာနိုင်ငံ၏ရွှေအများဆုံးထွက်ရှိရာ ဒေသများ

myanmarsmostgoldproducingregions

ရွှေငွေ တွင်းထွက်သယံဇာတများ ကြွယ်ဝစွာ ထွက်ရှိသော နိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာနိုင်ငံ၏ ဒေသများထဲတွင် ရွှေအများဆုံးထွက်ရှိရာ ဒေသများသည် မည်သည့်ဒေသများ ဖြစ်သည်ကို အားလုံးအတွက် ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး မျှဝေတင်ဆက်ပေးလိုက်ပါသည်။

မြန်မာနိုင်ငံသည် ရွှေသတ္တုအပြင် တန်ဖိုးရှိသော ကျွန်းသစ်နှင့် အခြားသယံဇာတ တွင်းထွက်များဖြစ်သည့် ပတ္တမြား၊ မြ၊ ကျောက်စိမ်းနှင့် ပယင်းအပါအဝင် အခြားသော ကျောက်မျက်ရတနာများလည်း ပေါများကြွယ်ဝရာ နိုင်ငံတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်းရှိ ကချင်ပြည်နယ်တွင် တွင်းထွက်ကျောက်မျက်ရတနာများနှင့် ‌သစ်များ အဓိကထွက်ရှိပြီး ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုင်းနောင်ဒေသသည် ရာနှင့်ချီသော ရွှေတွင်းများ တည်ရှိရာနေရာလည်း ဖြစ်သည်။ ကချင်ပြည်နယ်ရှိ ဖားကန့်ဒေသသည် ရွှေအများဆုံးထွက်ရာဒေသ အဖြစ် နာမည်ကျော်ကြားသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာလည်း ရွှေထွက်သော ရွှေသတ္တုတွင်းများစွာကိုလည်း တွေ့ရှိရသည်။ မွန်ပြည်နယ် ကျိုက်ထိုခရိုင် ရွှေတံခွန်သတ္တုတွင်းတွင်လည်း ရွှေများကို တူးဖော်လျှက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သပိတ်ကျင်းမြို့နယ်တွင်ရှိသည့် ရွှေသတ္တုတွင်း လုပ်ငန်းမှလည်း ရွှေများကိုအဓိကတူးဖော်နိုင်သည်။ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အတွင်းရှိ ကျောက်ပန်းတောင်းဒေသတွင်လည်း ရွှေနှင့် အခြားသော သတ္တုရိုင်းများကို တူးဖော်တွေ့ရှိနိုင်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း စစ်ကိုင်းပြတ်ရွေ့ဇုံမှာ ထင်ရှားသည်။

ရွှေသည် သတ္တုများအားလုံးထဲတွင် အာမခံချက်အရှိဆုံးနှင့် ကမ္ဘာ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနှင့်ပါ ဈေးကွက်ရှိနေပါသည်။ မြန်မာနိုင်ငံတဝှမ်းလုံးတွင် ရွှေထွက်ရာဒေသများ၏ ဒေသအလိုက် ‌ထွက်ရှိသည့် ရွှေအမျိုးအစား၊ ရွှေထွက်ရာနှုန်းနှင့် သတ္တုအမျိုးအစားများမှာ ကွာခြားသည့်အတွက် တစ်နေရာ နှင့်တစ်နေရာ ဈေးနှုန်းအားဖြင့်လည်း ကွာခြားမှုရှိသည့်အပြင် ရွှေရိုင်းသန့်စင်မှု ပြုလုပ်သည့် နည်းစနစ်များမှာလည်း ဒေသအလိုက်မတူညီပါ။ လက်ရှိ မြန်မာနိုင်ငံတွင် ရွှေတူးဖော်ရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သောသူများသည် ဒေသခံများအပြင် အခြားနယ်မြေများမှာလည်း ရွှေတူးဖော်ခြင်းနှင့် သတ္တုတူးဖော်ခြင်းလုပ်ငန်းများကို တစ်နယ်တစ်ကျေးမှ လာရောက်နေထိုင်လုပ်ဆောင်ကြသည်ကိုပါ တွေ့ရှိရပါသည်။

ရွှေတူးဖော်ရေးလုပ်ငန်းသည် မိသားစုများ၏ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြုပေးနိုင်သည့် လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် ရွှေတွင်းပြိုခြင်း၊ တောင်ပြိုခြင်းများ ဖြစ်တတ်သောကြောင့် ဂရုစိုက်ကာ ရွှေတွင်း၏ အခြေအနေများကို တွက်ချက်ပြီး သတိပေးချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်မှာလည်းအရေးကြီးသော အချက်ဖြစ်ကြောင်း ဖော်ပြရင်း မြန်မာနိုင်ငံ၏ရွှေအများဆုံးထွက်ရှိရာ ဒေသများအကြောင်းကို မျှဝေပေးလိုက်ရပါတယ်ရှင့်…