ဆောင်းပါး, ရွှေအကြောင်းသိကောင်းစရာ

ရွှေဟာ ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခု ဖြစ်နိုင်ပါသလား?

U Hton Gold Investment

သမိုင်းကြောင်း တစ်လျှောက်မှာတည်းက ရွှေဟာ အလွန်တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတစ်ခုအဖြစ် အသိမှတ်ပြုခံထားရပါတယ်။ ရွှေကို ပိုင်ဆိုင်ထားခြင်းဟာ ငွေကြေးဖောင်းပွမှုအတွက် အကောင်းဆုံး စည်းရိုးတစ်ခုနဲ့ တူတယ်လို့လည်း ဆိုထားကြပါတယ်။ ရွှေကို ရင်းနှီးမြှုပ်နှံခြင်းရဲ့ အဓိကအားသာချက်မှာဆိုရင်

– ရွှေဟာ ကမ္ဘာ့ဈေးကွက်မှာ ဝယ်လိုအား အခိုင်အမာ ရှိထားပြီး ဖြစ်ပါတယ်။
– အပေါ်မှာပြောခဲ့သလို ရွှေဝယ်ထားခြင်းဖြင့် ငွေကြေး ဖောင်းပွမှုကိုလည်း လျှော့ချနိုင်ပါတယ်။
– ဘဏ္ဏာရေးဈေးကွက်အတွက်ဆိုလည်း ရွှေဟာ အကောင်းဆုံး စံနမူနာ တစ်ခုဖြစ်ပါတယ်။

ရွှေကို စုဆောင်းတဲ့အခါမှာ မတူကွဲပြားတဲ့ အကြောင်းအမျိုးမျိုးနဲ့ စုဆောင်းကြပါတယ်။ ဘာကြောင့်လဲဆိုရင် တချို့သော ယဉ်ကျေးမှုခေတ်တွေမှာတော့ ချမ်းသာကြွယ်ဝမှုနဲ့ စုဆောင်းမှု ပုံစံတစ်မျိုး ဖြစ်ပြီး ထိုလူတွေဟာ ငွေကြေး ဖောင်းပွမှုကိုလည်း လျှော့ချချင်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ရွှေကို ရင်းနှီးမြှုပ်နှံခြင်းက ငွေကြေး ဖောင်းပွမှုကို တားမြစ်ဖို့နဲ့ သူတို့ရဲ့ အစုရှယ်ယာတွေကို ထိန်းညှိဖို့၊ စတော့ဈေးကွက်နဲ့ မသက်ဆိုင်တဲ့ ပိုင်ဆိုင်မှုတစ်ခုကို ပိုင်ဆိုင်လိုတာကြောင့် ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။ အတိုးနှုန်းကျဆင်းလာခြင်း၊ ငွေကြေး ဖောင်းပွမှုတွေ မြင့်တက်လာခြင်းတို့ ဖြစ်လာတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေက ရွှေကို ရင်းနှီးမြှုပ်နှံဖို့အတွက် ပိုပြီး မျှော်လင့်လာကြပါတယ်။

အကယ်၍ အရေးတကြီး ငွေကြေးလိုအပ်မှု အကြောင်း တစ်စုံတစ်ရာ ရှိလာခဲ့တဲ့အခါမှာ ရွှေဝယ်ထားမယ်ဆိုရင် ဒီရွှေကို ပြန်လည်ရောင်းချလို့လည်း ရတာကြောင့် ရွှေဝယ်ပြီး ရင်းနှီးမြှုပ်နှံထားတာဟာ အမှားမရှိပါဘူး။ ရွှေက ပုပ်သိုးသွားနိုင်မယ့် ပစ္စည်းတစ်ခုလည်း မဟုတ်သလို ရင်းနှီးမှုကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ရှေးလူကြီးတွေပြောခဲ့သလို ပိုက်ဆံရှိပြီဆိုရင် တခြားဘာမှမလုပ်နဲ့။ ” ရွှေဝယ်ပါ ရွှေစုပါ ” တဲ့ ရွှေဟာ ” ရှိတဲ့အခါ တန်ဆာဆိုသလို မရှိတဲ့အခါလည်း ဝမ်းစာ ဖြစ်ပါတယ်။ ” ဒါကြောင့် ရွှေဟာ ရင်းနှီးမြှုပ်နှံမှု အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။