Lifestyle, ဆောင်းပါး, အထွေထွေသိမှတ်စရာ

လက်ချောင်းတစ်ချောင်းစီအတွက် လက်စွပ်လေးရဲ့ အဓိပ္ပာယ်

Ring & Finger Meaning

မိန်းကလေးတွေ ကြိုက်နှစ်သက်ကြတဲ့ လက်ဝတ်ရတနာပစ္စည်းတွေထဲမှာ လက်စွပ်လေးတွေလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ “ချစ်ခြင်းရဲ့သင်္ကေတ” ကို ဖော်ဆောင်ပေးတဲ့ ပေါင်းကူးတံတားလေး တစ်ခုဆိုရင်လည်း မမှားပြန်ဘူးပေါ့နော်။ စေ့စပ်ခြင်းနဲ့ လက်ထပ်ခြင်းမှာ တစ်ယောက်နဲ့ တစ်ယောက် အချစ်တွေကို ချည်နှောင်တဲ့အခါ  လက်စွပ်လေးစွပ်ပြီး ချည်နှောင်ကြတာကိုလည်း သိထားကြပါတယ်။လက်ချောင်းလေးတွေအတွက် လက်စွပ်ဝတ်ရခြင်းသင်္ကေတဆိုတာ . . .

Left Thumb

ဘယ်ဘက်လက်မမှာ လက်စွပ်ဝတ်ဆင်ခြင်းဟာ သင့်ရဲ့စတိုင်လ်တစ်ခုကို ဖော်ပြနေခြင်းပါပဲ။ သင်က လက်မမှာ လက်စွပ်ကို ဝတ်ဆင်ထားတာကို အခြားသူတွေက တွေ့တဲ့အခါ သင်ဟာ ဖက်ရှင်အမြင်ရှိပြီး ယုံကြည်မှုရှိတဲ့သူလို့လည်း မြင်တတ်ကြပါတယ်။

Right Thumb

ညာဘက်လက်မဟာလည်း ဘယ်ဘက်လက်မနဲ့ နည်းတူပါပဲ။

Left Index Finger

ဘယ်ဘက်လက်ညှိုးအတွက် လက်စွပ်ဝတ်ဆင်ခြင်းဟာ ထူးခြားတဲ့ သင်္ကေတတစ်ခုခုကို သတ်မှတ်ထားခြင်း မရှိပါ။ မိမိ ကြိုက်နှစ်သက်ရာ လက်စွပ်ကို စတိုင်လ်တစ်ခု အနေနဲ့ ထုတ်ပြီး ဝတ်ဆင်ချင်တဲ့အခါမှာ အများဆုံး ဝတ်ဆင်လေ့ရှိကြပါတယ်။

Right Index Finger

တစ်ချို့သော ယဉ်ကျေးမှုတွေမှာတော့ ညာဘက်လက်ညှိုးမှာ လက်စွပ်ဝတ်ဆင်ခြင်းက လက်ထပ်ထားခြင်းဆိုတဲ့သဘောကို ဆောင်ပါတယ်။ ယခင် အဆိုအရဆိုရင် ဂျူးရိုးရာ ထုံးတမ်းအစဉ်အလာမှာ ညာဘက်လက်ညှိုးဟာ လက်ထပ်လက်စွပ်ဝတ်ဆင်ခြင်းအတွက် အသင့်တော်ဆုံးလို့ ဆိုထားပါတယ်။ တစ်ချို့သော သတို့သမီးတွေက မင်္ဂလာပွဲပြီးသွားတဲ့အခါမှာ လက်စွပ်ကို ဘယ်ဘက်လက်ကို ပြောင်းလဲစွပ်ကြပေမယ့် တစ်ချို့ကတော့ ညာဘက်လက်မှာပဲ ဆက်လက်ဝတ်ဆင်ထားတတ်ကြပါတယ်။

Left Middle Finger

ဘယ်ဘက် လက်ခလယ်မှာ လက်စွပ်ဝတ်ဆင်ခြင်းဟာ တသီးတခြားသတ်မှတ်ထားတာမျိုး မရှိပါ။ လက်ချောင်းလေးတွေထဲမှာ လက်ခလယ်ဟာ အဓိကနေရာနဲ့ အရှည်ဆုံး လက်ချောင်းလေး ဖြစ်တာကြောင့် ပိုပြီး ထင်ထင်ရှားရှား နဲ့ ပေါ်လွင်ချင်တဲ့အခါမှာ ရွေးချယ်ဝတ်ဆင်လို့ရပါတယ်။

Right Middle Finger

ဘယ်ဘက်လက်ခလယ်ကဲ့သို့ ညာဘက် လက်ခလယ်ဟာလည်း အတူတူပါပဲနော်။

Left Ring Finger

အားလုံးသိထားကြတဲ့ ဘယ်ဘက် လက်သူကြွယ်လေးကိုတော့ ယဉ်ကျေးမှုအများစုဟာ လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ နေ့ရက်မှာ ဝတ်ဆင်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိနဲ့ တစ်သက်လုံး ရိုးမြေကျ ပေါင်းသင်းနေထိုင်မယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကတိပြုပြီး ချည်နှောင်ထားကြတာပါ။

Right Ring Finger

ညာဘက် လက်သူကြွယ်ကိုတော့ ပုံမှန်တိုင်းပဲ အလှဝတ်ဆင်တဲ့အနေနဲ့ပဲ ဝတ်ဆင်ကြပါတယ်။ ဒါပေမယ့်လက်ထပ်ခြင်း သင်္ကေတကို ဘယ်ဘက်လက်သူကြွယ်မှာ ဝတ်ဆင်ကြပေမယ့် ဂျာမနီ၊ ရုရှား၊ အိန္ဒိယနဲ့ အခြားသောတစ်ချို့နိုင်ငံတွေမှာတော့ ညာဘက်လက်သူကြွယ်မှာလည်း ဝတ်ဆင်တတ်ကြပါတယ်။

Left Pinky Finger နဲ့ Right Pinky Finger

ဘယ်ဘက်လက်သန်း နဲ့ ညာဘက် လက်သန်းလေးကတော့ လက်စွပ်သေးသေးလေးတွေကိုမှ ဝတ်ရတာကြိုက်တဲ့သူတွေအတွက် အရမ်းလှပြီး ဝတ်ဆင်လို့ကောင်းတဲ့ လက်ချောင်းလေး ဖြစ်ပါတယ်။ သူ့မှာလည်း သီးခြားသတ်မှတ်ထားတဲ့ သင်္ကေတရယ်လို့ မရှိပါဘူး။ အခုပြောပြပေးခဲ့တဲ့ အကြောင်းအရာလေးကို ရွှေချစ်သူတို့အားလုံး ကြိုက်ကြမှာပါနော်။ နောက်တစ်ခေါက်မှာလည်း ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးသွားမယ်နော်။