ကျောက်မျက်အကြောင်းသိကောင်းစရာ

ကျောက်စိမ်းအတုအစစ်ဘယ်လိုခွဲကြမလဲ?

howtoidentifyrealjadeandimitationjade

ကျောက်မျက်ရတနာချစ်သူများအနေနှင့် မိမိတို့သဘောကျ နှစ်ခြိုက်ဝယ်ယူလိုသော ကျောက်မျက်ရတနာများကို အလွယ်တကူ အတုအစစ်ခွဲခြားချင်ကြသည်မှာ သဘာဝပင်ဖြစ်ပါသည်။ ထို့ကြောင့် ကျောက်မျက်ရတနာအများကြီးထဲမှ အစိမ်းရောင်အဆင်းရှိသော ကျောက် စိမ်းအား အလွယ်တကူ အတုအစစ်ခွဲခြားနည်းများကို မျှဝေပေးလိုက်ပါသည်။

ကျောက်စိမ်း အတုနှင့်အစစ် ခွဲခြားနည်းများထဲမှ အလွယ်တကူ ခွဲခြားနိုင်သော နည်းလမ်းလေးများကို ဖော်ပြပေးလိုက်ပါသည်။ ပထမဆုံးနည်းလမ်းလေးသည် ကျောက်၏ သိပ်သည်းဆပေါ် အခြေခံ၍ စစ်ဆေးခြင်း ဖြစ်ပါသည်။ ကျောက်တုံးကို လေပေါ်သို့ မြှောက်၍ လေးမလေးသိရှိစေရန် သင်၏ လက်ဖဝါးဖြင့် ပြန်ဖမ်းကြည့်ပါ။ကျောက်စိမ်း အစစ်သည် အလွန်မြင့်မားသော သိပ်သည်းဆ ရှိသောကြောင့်ကျောက်စိမ်းသည် ၎င်း၏ မူလရှိသော အရွယ်အစားထက် ပို၍လေးပါလိမ့်မည်။ကျောက်စိမ်းနှင့် အရွယ်တူကျောက်တုံး တစ်ခုနှင့် နှိုင်းယှဉ်ကြည့်ပါက ကျောက်စိမ်း၏ အလေးချိန်မည်မျှရှိသည်ကို ခန့်မှန်းတွက်ဆနိုင်ပါသည်။ ဤစမ်းသပ်မှုသည် အလွန်မတိကျသော်လည်း ကျောက်စိမ်း၏ စစ်မှန်မှုကို အကဲဖြတ်ရန် လူကြိုက်များသော နည်းလမ်းဖြစ်ပါသည်။

ဒုတိယမြောက်နည်းလမ်းသည် ကျောက်စိမ်း၏အေးမြမှုကို အခြေခံ၍ စမ်းသပ်ခြင်းဖြစ်ပါသည်။ သင်၏ မျက်နှာတစ်ဖက်ကို ကျောက်စိမ်းနှင့်ထိပါ။ ကျောက်စိမ်းသည် သဘာဝအားဖြင့် အလွန်အေးသော ကျောက်ဖြစ်သောကြောင့် အေးမြမှုကို ခံစားရပါလိမ့်မည်။ ပုံမှန်ကျောက်သည် အချိန်ကြာကြာဆုပ်ကိုင်ထားပါက ပူနွေးလာတတ်ပြီး ကျောက်စိမ်းအစစ်အမှန်သည် ပူအိုက်နေချိန်တွက် အေးမြမှုကို ခံစားရနိုင်ပါသည်။

နောက်ထပ်နည်းလမ်းလေးသည် အသံ၏တုန်ခါမှုအပေါ်မူတည်၍ စစ်ဆေးနိုင်ပါသည်။ကျောက်တုံးများအနားတွင် အကြိမ်ပေါင်းများစွာ လက်ခုပ်တီးပြီး အသံကိုနားထောင်ကြည့်ပါ။ ကျောက်စိမ်းသည် မာကျောသောကြောင့် ကျောက်တုံးများ တစ်ခုနှင့်တစ်ခု တိုက်မိသောအခါ နက်ရှိုင်းသော ပဲ့တင်ထပ်သံကို ကြားရသည်။ ကျောက်သည် ပလတ်စတစ်ပုတီးကဲ့သို့ အသံထွက်လျှင် သံသယဖြစ်ဖွယ် ကျောက်စိမ်းအတုဖြစ်နိုင်သည်။

နောက်ဆုံးနည်းလမ်းသည် ကျောက်စိမ်းမျက်နှာပြင်အား ချွန်ထက်သော အရာတစ်ခုခုဖြင့် ခြစ်ကြည့်ခြင်းဖြင့် စမ်းသပ်ခြင်းဖြစ်ပါသည်။ သင်၏ လက်သည်းခွံ (သို့မဟုတ်) သတ္တုအပိုင်းအစဖြင့် ကျောက်စိမ်းမျက်နှာပြင်ကို ကုတ်ခြစ်ခြင်းဖြင့် စမ်းသပ်ကြည့်ပါ။ ကျောက်၌ ခြစ်ရာပေါ်လျှင် ၎င်းသည် အစစ်အမှန် မဖြစ်နိုင်ပါ။ ကျောက်စိမ်းအစစ်သည် အလွယ်တကူခြစ်ရာမထင်နိုင်သောကြောင့် ဖြစ်ပါသည်။

ယခုဖော်ပြပေးခဲ့သော အကြောင်းအရာသည် ကျောက်စိမ်းအတုအစစ်ကို အလွယ်တကူခွဲခြားနိုင်သော အကြောင်းအရာလေးဖြစ်ပြီး ကျောက်စိမ်းချစ်သူများအတွက် ဗဟုသုတများစွာ ရရှိလိမ့်မည်ဟု မျှော်လင့်မိပါသည်။