ပရဟိတ ကောင်းမှုပြုခြင်း

မင်းသစ်ကျောင်း အလှူတော်

tayattaw 3

ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင် မိသားစုမှ (၁၀.၆.၂၀၂၂) နေ့၊ သောကြာနေ့တွင် ကျေးဇူးရှင် ဖိုးဖိုး ဖွားဖွား၊ မိဘများနှင့် မိဘပြည်သူပြည်သား တစ်ဦးတစ်ယောက်ချင်းစီအား ရည်စူး၍ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ မင်းသစ်ကျောင်း၌ မြတ်စွာဘုရား အမှူးထား၍ သံဃာတော် အရှင်မြတ်တို့အား နေ့ဆွမ်းကပ်ကာ အလှူဒါနများ ပြုလုပ် လှူဒါန်းခဲ့ပါသည်။ ဤသို့ လှူဒါန်းမှု အစုစုအား ပြုလုပ်နိုင်သည်မှာ ဦးထုံရွှေပန်းထိမ်သို့ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးကြသော Customer များကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ပြုလုပ်ခဲ့သော အလှူဒါန ကုသိုလ်အစုစုတို့အား ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်တွင် စဉ်ဆက်မပြတ် ဝယ်ယူအားပေးကြသော မိတ်ဟောင်း၊ မိတ်သစ် Customer များနှင့်တကွ မိဘပြည်သူ ပြည်သားအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် ဘေးဘယများ ကင်းရှင်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း ကုသိုလ်ကောင်းမှုများအား နတ်၊ လူ သာဓုခေါ်ဆိုနိုင်ရန် ရည်ရွယ်၍ အသိပေး တင်ပြအပ်ပါသည်။