အထွေထွေသိမှတ်စရာ

Stone Setting အကြောင်းသိကောင်းစရာ

Stone Setting

ဒီနေ့မှာတော့ ဦးထုံရွှေဆိုင်က ပြုလုပ်ဆောင်ရွက်ပေးနေသည့် Stone Setting အကြောင်းလေးတွေကို မျှဝေပေးချင်ပါသည်။ Stone Setting ဆိုသည်မှာ ကျောက်ထည်/စိန်ထည် ပစ္စည်းများကို ပိုမိုခိုင်ခံ့စေရန်အတွက် ရွဲနှင့်စွန်ကုတ်များ ပြုလုပ်ပေးခြင်းကိုဆိုလိုပါသည်။ ကျောက်ထည်/စိန်ထည်များတွင် ကျောက်အိုးထိုင်ပုံထိုင်နည်းနှင့်ကွာခြားချက်များကိုမသိသူများအတွက် ဦးထုံရွှေဆိုင်မှပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသော ကျောက်အိုးတည်ဆောက်ပုံများကို ပြောပြပေးပါသွားမှာဖြစ်သောကြောင့်  အဆုံးထိဖတ်ရှု့ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

Basket Setting – ရွဲ (စွန်ကုတ်) လေးခု တပ်ဆင်ခြင်း
Basket Setting ဆိုသည်မှာ ပုံမှန်အားဖြင့် ကျောက် Size တစ်ရတီအောက် အထည်ပစ္စည်းများကို စွန်ကုတ်လေးခု  ကုတ်ထားခြင်းကို ဆိုလိုပါသည်။ ကျောက်ကို ပေါ်လွင်စေရန် စွန်ကုတ်လေးခုနှင့် ပိုမိုခိုင်ခံ့အောင် ပြုလုပ်တည်ဆောက်ပေးခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ လေးထောင့်ပုံစံဖြင့် ဘေးပတ်ပတ်လည်တွင် ရွဲလေးခုနှင့် ကျောက်သား ပိုမိုပေါ်လွင်စေရန် ပြုလုပ်ပေးသည့်နေရာတွင်လည်း အသုံးပြုပါသည်။

Decorative Setting – ရွဲ (စွန်ကုတ်) လေးခုနှင့်အထက် တပ်ဆင်ခြင်း
Decorative Setting ဆိုသည်မှာ ရွဲကို လေးခုနှင့်အထက် အသုံးပြုပြီး ကျောက် Size၂ ရတီကျော်သော ပစ္စည်းများကို ရွဲလေးခုနှင့်အထက် တပ်ဆင်ခြင်းကို ဆိုလိုပါသည်။ ကျောက်သားကြီးသောအထည်များကို ပြုလုပ်ရာတွင် ရွဲ (စွန်ကုတ်) လေးခုနှင့်အထက် ပိုမိုအသုံးပြုပြီး ကျောက်သား ခိုင်ခံ့စေရန်အတွက် ရည်ရွယ်ပြီးပြုလုပ်ဆောင်ရွက်ပေးသော Setting ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ကျောက်ကို ပြုတ်ထွက်မသွားစေရန်နှင့် ဆံပင်ညှိခြင်းများ မဖြစ်ပေါ်စေရန် ဆောင်ရွက်ပေးသည့်နေရာတွင် အသုံးပြုသည်ခြင်းဖြစ်ပါသည်။

Bezel Setting – ဂုဏ်မာန်တက် တပ်ဆင်ခြင်း
Bezel Setting (ဂုဏ်မာန်တက်) ဆိုသည်မှာ ရွဲမပါသော ကျောက်မြုပ်တက်ခြင်းကို ဆိုလိုပါသည်။ Bezel Setting ကိုအနီးကပ်ကြည့်လျှင် ရွဲပါဝင်ခြင်းမရှိပဲ ရွှေပိုး၍ပြုလုပ်ထားပြီး ကျောက်သားကို ပိုမိုခိုင်မာအောင် တည်ဆောက်ထားခြင်းကို တွေ့မြင်ရပါသည်။ ဂုဏ်မာန်ကုတ်ဖြင့်ပြုလုပ်ထားသော အထည်ပစ္စည်းများသည် ဆံပင်နှင့်ညှိခြင်း ကျောက်ပြုတ်ခြင်း လုံးဝမဖြစ်စေသည်မှာ ဂုဏ်မာန်တက်၏ အားသာချက်ဖြစ်ပါသည်။ အားနည်းချက်များမှာတော့ ကျောက်သား ပေါ်လွင်ခြင်းမရှိပဲ မြုပ်နေခြင်းမျိုးတော့ရှိပါသည်။

Bar Channel Setting – ညှပ်တက် တပ်ဆင်ခြင်း
Bar Channel Setting ဆိုသည်မှာ ယခုခေတ်တွင် လူကြိုက်များလာခဲ့ပြီး Bar နှစ်ခုကြားတွင် အမြောင်းလေးပေါ်တွင်မှ ကျောက်ကို ညှပ်၍တပ်ဆင်ထားခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ယခုခတ် လက်ထပ်လက်စွပ်များ ပြုလုပ်ဆောင်ရွက်ရာတွင် Bar Channel ကိုပိုမို၍ အသုံးပြုများလာခြင်းမှာ ကျောက်သား ခိုင်ခံ့အောင် ဦးစားပေးပြုလုပ်ထားခြင်းကြောင့် ဖြစ်ပါသည်။

Channel Setting – ဘားမပါပဲ ညှပ်တက် တပ်ဆင်ခြင်း
Channel Setting ဆိုသည်မှာ ဘားမပါပဲ ဘေးမြောင်းထဲတွင် ကျောက်ကို ညှပ်၍ တပ်ဆင်ခြင်းကို ဆိုလိုပါသည်။ Channel Setting ကို တစ်နည်းအားဖြင့် Invisible Bar ဟုလည်းခေါ်ဆိုနိုင်ပါသည်။ ရွဲနှင့်ထိန်းထားသယောင် ပြုလုပ်ထားပြီး ကျောက်၏ အောက်တွင် ဘားတစ်ခုရှိနေပြီး မမြင်နိုင်အောင် ပြုလုပ်ဖန်တီးထား၍ တစ်တန်းသွားကျောက်သားထည်များ ပြုလုပ်ဖန်တီးသည့်နေရာတွင် ပိုမို၍ အသုံးပြုမှု များပြားလာခဲ့သည်။ ကျောက်သားကို ပိုမိုပေါ်လွင်စေသည့် အချက်မှာ Channel Setting ၏အားသာချက်ပင် ဖြစ်ပါသည်။

Brightcut Setting – ကျောက်မြုပ်နေသည့်ပုံစံဖြင့် တပ်ဆင်ခြင်း
Brightcut Setting ဆိုသည်မှာ လေးထောင့်ပုံစံအိုး ဘေးပတ်ပတ်လည်တွင် ကျောက်ထည့်၍ ရွဲဖြင့်အုပ်ထားသော ပုံစံမျိုးကို ဆိုလိုခြင်းဖြစ်ပါသည်။ အဓိကအားဖြင့် ယောကျ်ားလေးဝတ်လက်စွပ်ပုံစံမျိုးတွင် အများဆုံးတွေ့ရပြီး လူကြိုက်အများဆုံး ဒီဇိုင်းလေးလည်း ဖြစ်ပါသည်။ ယောကျ်ားလေးဝတ်ဆင်သည့် လက်စွပ်ဒီဇိုင်းများတွင် အများဆုံးတွေ့ရသည့်အတွက် ကျောက်ကို ပေါ်လွင်မှုမရှိပဲ ကျောက်မြုပ်အောင် တပ်ဆင်ထားခြင်းကို ဦးစားပေး၍ ပုံဖော်ပေးထားသော Setting ဖြစ်ပါသည်။

Square Channel Setting – ကျူထရံကွက်ပုံစံ ရွဲ တပ်ဆင်ခြင်း
Square Channel Setting ဆိုသည်မှာ ဘေးပတ်ပတ်လည်တွင် Channel Setting ကဲ့သို့ ရွဲမပါပဲ ကျောက်ကိုပိုမို၍ ပေါ်လွင်စေပြီး ကျူထရံပုံစံမျိုးကို ဆိုလိုထားပါသည်။ လူကြိုက်များရေပန်းစားလာပြီး အရောင်းရဆုံးနှင့် အလှပဆုံးဒီဇိုင်းထဲတွင် တစ်ခုအပါအဝင်ဖြစ်သောကြောင့် လာရောက်ဝယ်ယူအားပေးဖို့လဲ ဖိတ်ခေါ်အပ်ပါသည်၊၊

Bead Setting – ပုလဲတက် တပ်ဆင်ခြင်း
Bead Setting ဆိုသည်မှာ အများအားဖြင့် ရွဲတပ်ခြင်းမရှိပဲ အောက်တွင် ဝက်အူရစ်ဖြင့် မူလီကြပ်၍ အနောက်ကို ကော်ဖြင့်ကပ်ထားခြင်းမျိုးကို ဆိုလိုပါသည်။ ပုလဲဖြင့်အထည်ပစ္စည်းများ ပြုလုပ်ရာတွင် ကျောက်အိုး မပေါ်စေပဲ အောက်တွင် ဝက်အူရစ်၍ ပုလဲကို ပိုမိုခိုင်ခံ့စေရန်နှင့် လှပကြွားဝါစေရန်အတွက် ဦးစားပေး၍ ပြုလုပ်ထားပေးသည်ကို တွေ့ရပါသည်။

Multi Setting – အကုန်စုပေါင်း တပ်ဆင်ခြင်း
Multi Setting ဆိုသည်မှာ ပစ္စည်းအမျိုးအစားတစ်ခုထဲတွင် စုပေါင်း၍ ရွဲတပ်ဆင်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ စုပေါင်းတပ်ဆင်ခြင်း ပြုလုပ်သည့်နေရာတွင် တစ်ချို့သောအထည်ပစ္စည်းအများစုသည် လှပဆန်းသစ်ပြီး ကျောက်သား ပေါ်လွင်အောင် ပြုလုပ်ဆောင်ရွက်သကဲ့သို့ တစ်ချို့သော ပစ္စည်းများသည် ကျောက်သား မြုပ်အောင်ဖန်တီးပြီး ပုလဲတပ်ဆင်ခြင်းမျိုးလည်း တွေ့ရတက်ပါသည်။