ဆောင်းပါး

အချိန်ရေစီးကြောင်းနဲ့ ဘဝရှေ့ရေး

Time Life

မြန်မာနိုင်ငံတွင် ကိုဗစ်ကာလအလွန်နှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြား အနာဂတ်အတွက် လမ်းပျောက်နေသော လူငယ်အရေအတွက်သည် တစ်နေ့တစ်ခြား ပိုမိုများပြားလာပြီး စိတ်ဓာတ်ကျ၊ စိတ်ဖိစီးများနှင့်ရင်ဆိုင်နေရသည့် လူငယ်များ ဒုနဲ့ဒေးဖြစ်လာသည်ကို တွေ့မြင်ရပါသည်။ ဒီနေ့မှာတော့ လူငယ်တွေအတွက်ရည်ရွယ်ပြီး အားပေးစကားများ၊ အကြံပြုချက်များကို အချိန်ရေစီးကြောင်းနဲ့ ဘဝရှေ့ရေးဆိုသည့် ဆောင်းပါးလေးဖြင့်အနာဂတ်တွင် လမ်းပျောက်နေသောလူငယ်များအတွက် မျှဝေပေးလိုက်ပါသည်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ပြန့်ပွားခဲ့သော COVID 19 ရောဂါဆိုးကြီးကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် လူတိုင်းမှထိခိုက်ဆုံးရှုးမှုများ ရင်ဆိုင်ခဲ့ကြရပါသည်။ အထူးသဖြင့် လူငယ်များအနေနှင့် သာမန်ရှင်သန်နေရသော ဘဝမှရုတ်တရက် social distancing နည်းစနစ်အရ အပြင်ထွက်ရခြင်း၊ ကျောင်းတက်ရခြင်း၊ အလုပ်သွားရခြင်း၊ ခရီးသွားရခြင်း၊ ‌ကျန်းမာရေးစောင့်ရှောက်ခံရမှုများ စသည့်ကဏ္ဌအသီးသီးသည် ပြောင်းလဲမှုများစွာနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် အနည်းနဲ့အများ စိတ်ဖိစီးမှုများကို ခံစားခဲ့ကြရပါသည်။

ကျောင်းတက်နေသည့် လူငယ်များအနေနှင့် ကျောင်းများပိတ်လိုက်ရသောကြောင့် ပညာရေးရပ်တန့်သွားရပြီး ကျောင်းများပြန်ဖွင့်သည့်အခါ ကျောင်းတက်ရန် စိတ်မပါသည့်အခိုက်တန့်များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ မည်သို့ပင် online မှ စာသင်ပေးကြားသည့် အစီစဉ်များရှိနေပါသောလည်း ပုံမှန်အတိုင်း စာသင်ခန်းထဲတွင် သင်ကြားရသည့် လွတ်လပ်ပေါ့ပါးမှု စိတ်အားထက်သန်မှု၊ ဆရာ/ဆရာမများနှင့် ထိတွေ့သင်ကြားရသည့် ဘဝကိုတော့ ပိုမို၍ခုံမင်ခဲ့ပါသည်။ ဒါ့အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာသည်အခါ လူငယ်အများစုအတွက် ဘဝရှေ့ရေးလမ်းပျောက်စရာများ ဖြစ်လာခဲ့ပြီး စိတ်ပိုင်းဆိုင်ရာပြဿနာများနှင့်အတူ ကျောင်းဆက်တက်ရန် စိတ်လေလာကြပြီး ကျောင်းမတက်ဖြစ်သည်မှာ အချိန်ကြာလာသောကြောင့် ကျောင်းဆက်တက်ဖို့ထက် အလုပ်လုပ်ရန်အတွက်သာ ပိုမိုပြီး စိတ်အားထက်သန်လာကြသည်။

ယခုအချိန်တွင် လူငယ်များကို အားပေးချင်သည်မှာ ကိုယ့်ဘာဝါသနာပါလဲဆိုတာရှာဖွေဖို့ရန် အချိန်ကောင်းတစ်ခုအနေနှင့်သတ်မှတ်ပြီး ကိုယ့်ရဲ့ကျွမ်းကျင်ရကိုရှာဖွေရမည့် အချိန်ခါကောင်းဖြစ်ပါသည်။ လူတိုင်းလူတိုင်းတွင် တစ်ယောက်နှင့်တစ်ယောက် ကျွမ်းကျင်လိမ္မာပုံခြင်းမတူကြပါ။ ဒါကြောင့် ကိုယ်ဝါသနာပါရာလမ်းကြောင်းကိုလျှောက်လှမ်းနိုင်ရန်အတွက် လိုအပ်သည့်ဝမ်းစာကို ဖြည့်ထားရန်လိုပါသည်။ ဤချိန်ခါတွင် free online အနေနှင့် ကိုယ်တတ်ချင်သည့် ဘာသာရပ်များကိုလည်း အလွယ်တကူတတ်ရောက်နိုင်သောကြောင့် အရင်ဆုံး အခြေခံကစပြီးသင်ယူရန်လိုအပ်ပါသည်။ အချိန်ကိုအကျိုးရှိအောင်အသုံးချချင်သူများအနေဖြင့် ဘာသာစကားတစ်ခုခုကိုလည်း ရွေးချယ်တတ်ထားသင့်ပါသည်။ ထိုမှသာ မိမိ၏ အဆင့်မြင့်ပညာရေးအတွက် နိုင်ငံခြားတွင် scholar လျှောက်သည့်အခါမျိုးနှင့် ဝါသနာပါရာအတွက် လုပ်ငန်းအတွေ့အကြုံယူတဲ့အခါမျိုးတွင် အားလုံးထက်တစ်ပန်းသာနိုင်မည့် အခွင့်အရေးမျိုးရရှိနိုင်မည်ဖြစ်ပါသည်။

အရှုံးမပေးသ၍သင်ဘယ်တော့မှမရှုံး လက်မြောက်အရှုံးပေးလိုက်ရင်တော့ သင်လုံးဝကျရှုံးသွားပြီ ဆိုသည့်အင်္ဂလိပ်ဆိုရိုးစကားတစ်ခုအတိုင်း ကြိုးစားအားထုတ်မှုကို ဘယ်တော့မှ မရပ်တန့်လိုက်ပါနှင့်… အမြဲ ကိုယ်လုပ်ချင်သည့်အရာကိုမြင်အောင်ကြည့်ပြီးရှာဖွေနေဖိုလိုအပ်ပါသည်။ ရွေးချယ်ခွင့်မရှိသည့် အချို့အရာများအတွက် စိတ်ပင်ပန်းခံနေမည့်အစား ကိုယ်ရွေးချယ်လိုရမည့် အလုပ်တွေကိုလုပ်နေဖိုလိုအပ်ပါသည်။

ယခုလိုအချိန်တွင် စိတ်ဖိစီးမှုများကို အတက်နိုင်ဆုံးလျော့ချပြီး အကောင်းမြင်စိတ်မွေးမြူခြင်းဖြင့် ရှေ့ဆက်ရမည့်နေရက်များကိုအကောင်းဆုံးကျော်ဖြတ်ကျနိုင်စေဖို ဆန္ဒပြုရင်း အားပေးလိုက်ပါသည်။