ပရဟိတ ကောင်းမှုပြုခြင်း, လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ဆောင်ချက်

ဇီဝိတဒါန သံဃာ့ဆေးရုံကြီး ဆေးပဒေသာ အလှူတော်

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး အလှူ

မြန်မာသယက္ကရာဇ် ၁၃၈၅ခုနှစ်၌ ဦးထုံရွှေပန်းထိန်နှင့် ရတနာရွှေဆိုင်မိသားစုမှ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးတွင် ဝတ္တုငွေ (၂) သိန်းကျပ်ဖြင့် ဘုရားသားတော် သံဃာတော်များကြီးအတွက် မြင့်မြတ်လှသော ဆေးပဒေသာကုသိုလ်အလှူကြီးတစ်ရပ်ကို သွားရောက်စိုက်ထူလှူဒါန်းနိုင်ခဲ့ပါသည်။ ထိုဆေးရုံကြီးသည် မန္တလေးမြို့ အရှေ့ပြင်အရပ်တွင် မင်းကွန်း တိပိဋကဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသမှ ဦးစီးထူထောင်ခဲ့သည်။ ဆေးရုံကြီး၏ မြေနေရာကို စိန်တုံးကျောင်းတိုက်နှင့် မတ္တရာကျောင်းတိုက်တို့မှ ပေးလှူခဲ့သည်ဟု မှတ်တမ်းတင်ထားခြင်းများကို ဖတ်ရှုလေ့လာရပါသည်။ ဗုဒ္ဓဘာသာလူမျိုးတိုး၏ ယုံကြည်သက်ဝင်ကိုးကွယ်ရသည့် ဗုဒ္ဓသာသနာတော်ကြီးသည် အလုံးစုံသောသတ္တဝါတို့၏ မဂ်ဖိုလ် နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် နည်းလမ်းအသွယ်သွယ်များကို အလင်းပြလမ်းညွှန်ပေးသည်။ ထိုသို့သော သာသနာ့အကျိုးများသယ်ပိုးဆောင်ရွက်၍ ဓမ္မကုသိုလ်အလင်းရောင်များဆီသို့ လမ်းပြခေါ်ဆောင်ပေးသည့် ကြည်ညိုမြင့်မြတ်ထိုက်သော ဘုရား၏သားတော် သံဃာတော်ကြီးများအတွက် ကျန်းမာရေးကောင်းမွန်မှုသည်လည်း အထူးအရေးကြီးပါသည်။ သံဃာတော်ကြီးများ အနာရောဂါဘေးမှ ကင်း‌ဝေးကြပြီး လောကကြီးကို ဓမ္မတရားများဖြင့် ထာဝရအလင်းဆောင်နိုင်ရန် အကျိုးမြော်၍ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မှ နှစ်စဉ် ဇီဝိတဒါန သံဃာ့ဆေးရုံကြီးမှာ သွားရောက် လှူဒါန်းခဲ့သည်။ ထိုသို့ မြင့်မြတ်၍ ပီတိဖြစ်ရသော ကုသိုလ်အလှူကြီးများကို ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်၏ ချစ်မြတ်နိုးရသော ဝယ်ယူအားပေးသူ မိတ်ဟောင်းမိတ်သစ်များနှင့် နတ်လူအပေါင်း သာဓု ခေါ်နိုင်ကြစေရန် မှတ်တမ်းတင်မျှဝေ ဖော်ပြပေးလိုက်ပါသည်။

ဇီဝိတဒါန သံဃာ့ဆေးရုံကြီးသို့ ဆက်သွယ်လှူဒါန်းရန်
အမှတ်(၃၈)၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် 01-541795 /09-558436