စိန်အကြောင်းသိကောင်းစရာ

ကမ္ဘာ့အရှားပါးဆုံးစိန်များ

Rare Diamond

စိန်ချစ်သူများအတွက် ကမ္ဘာ့အရှားပါးဆုံးစိန်များနှင့် ပက်သက်သော အကြောင်းအရာများအပြင် စိန်၏ အရောင်ခွဲများအကြောင်း နှင့် တန်ဖိုးအကြီးဆုံး ကမ္ဘာ့အရှားပါးဆုံးစိန်များအကြောင်းကို မိဘပြည်သူများအတွက် ဗဟုသုတ ရရှိစေရန်အတွက် မျှတေ တင်ဆက်ပေး လိုက်ပါသည်။

စိန်ဟု ပြောလိုက်သည်နှင့် အရောင်တလက်လက်နှင့် တန်ဖိုးအရှိဆုံး၊ ဆွဲဆောင်မှုအရှိဆုံး ကျောက်မျက်ရတနာ တစ်ခုဖြစ်သည့်အပြင် လူကြိုက်အများဆုံး ကျောက်မျက်ရတနာ တစ်ခုဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ တန်ဖိုးအကြီးဆုံး အဖိုးတန်ဆုံး ရှားပါးစိန်များသည် သဘာဝအတိုင်းဖြစ်ပေါ်လျှက်ရှိပြီး စိန်တစ်လုံးဖြစ်ပေါ်ရန်အတွက် နှစ်ပေါင်း ၃ ဘီလီယံ အထိ အချိန်ယူရနိုင်သောကြောင့် ၎င်းတို့သည် အလွန်အဖိုးတန်ပါသည်။ စိန်အားလုံးသည် ထူးခြားသော်လည်း ယေဘူယျအားဖြင့် စိန်များသည် အရောင်စုံရှိပြီး အနီရောင်စိန်သည် စိန်အမျိုးအစားများထဲတွင် အရှားပါးဆုံးဖြစ်ပါသည်။

စိန်များအကြောင်း လူသိနည်းသော အချက်များထဲမှ တစ်ခုသည် စိန်များသည်ပန်းရောင်မှ အနက်ရောင်အထိ အရောင်အမျိုးမျိုး ရှိခြင်းဖြစ်သည်။ ရောင်စုံစိန်များသည် ကမ္ဘာတစ်ဝှမ်းတွင် တူးဖော်ရရှိသည့် စိန်စုစုပေါင်း၏ ၀.၀၁ ရာခိုင်နှုန်းသာ ပါဝင်ပါသည်။ ရောင်စုံစိန်များသည် အလွန်ရှားပါးသောကြောင့် တန်ဖိုးအားဖြင့်လည်း တစ်ခြားသော စိန်များထက် တန်ဖိုးအကြီးဆုံးဖြစ်သည်။ အဝါရောင်၊ အညိုရောင်နှင့် အနက်ရောင်စိန်များသည် စိန်များအားလုံးထဲတွင် ရှာဖွေရအလွယ်ကူဆုံးဖြစ်ပါသည်။

အနီရောင်စိန်များသည် ကမ္ဘာပေါ်တွင် အရှားပါးဆုံးနှင့် ဈေးအကြီးဆုံးဖြစ်သည်။ Fancy Reds ဟုလည်း လူသိများပြီး လိမ္မော်ရောင်မှ နီညိုရောင်အထိ အရောင်အမျိုးမျိုးနှင့် လာကြပါသည်။ ကမ္ဘာ့စိန်နီ အများစုသည် ဩစတြေးလျရှိ Argyle Diamond Mine စိန်တွင်း မှဖြစ်ပါသည်။ Moussaieff Red Diamond သည် 5.11 carats ရှိသော တြိဂံပုံ ဖြတ်တောက်ထားသော စိန်တုံးဖြစ်ပြီး Fancy Red အဖြစ် American Gemological Institute မှ အရောင်ဖြင့် အဆင့်သတ်မှတ်ထားသည်။ ၎င်းသည် ကမ္ဘာ့အကြီးဆုံး အနီရောင်စိန်ဖြစ်ပြီး၊ စိန်အရောင်အားလုံးတွင် အရှားပါးဆုံးဖြစ်သည်။

ဈေးကွက်တွင် ဒုတိယ အရှားပါးဆုံးဖြစ်သော အပြာရောင်စိန်များသည် ကမ္ဘာပေါ်တွင် တူးဖော်ရရှိသော စိန်များအားလုံး၏ ၁ ရာခိုင်နှုန်းမျှသာ ပါဝင်ပြီး အပြာရောင်စိန်များသည် မင်းမျိုးမင်းနွယ်များနှင့် ဆက်စပ်နေတတ်ပါသည်။ အရောင်အဆင့်သတ်မှတ်မှုမှာ အပြာဖျော့ဖျော့ မှ အပြာရောင်အရင့်ထိ အရောင်ကွဲပြားမှုများရှိပါသည်။ အပြာရောင် ၄၅.၅၂ ကာရက်ရှိသော Hope Diamond သည် ကမ္ဘာအရှားပါးဆုံးစိန်များထဲတွင် ပါဝင်သော အပြာရောင်စိန် တစ်မျိုးဖြစ်ပါသည်။ Dresden Green Diamond ဟုခေါ်သော အစိမ်းရောင်ရှိသည့် စိန်သည် ၄၁ ကာရက်ရှိပြီး လည်း ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး စိန်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။

ပန်းရောင်စိန်များသည် အမျိုးသမီးတို့အကြား အကြိုက်များပြီး ရေပန်းအစားဆုံးဖြစ်ကာ အရောင်ရင့်သော ပန်းရောင်စိန်များထက် ပန်းရောင်ဖျော့ဖျော့ စိန်များကို ပိုမိုလွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ပါသည်။ ကမ္ဘာ့ ပန်းရောင်စိန်များ၏ ၉၀ ရာခိုင်နှုန်းကျော်သည် Australia တွင်ရှိသော Argyle Diamond Mine မှထုတ်လုပ်ပါသည်။ Steinmetz Pink ဟုလူသိများသော ၅၉.၆၀ ကာရက်ရှိသည့် ပန်းရောင်စိန်သည် ကမ္ဘာပေါ်တွင်ရှိသော လူကြိုက်အများဆုံး ပန်းရောင်စိန်တစ်ခုဖြစ်သည်။

ယခုဖော်ပြပေးခဲ့သော အကြောင်းအရာများသည် ကမ္ဘာ့အရှားပါးဆုံးစိန်အရောင်များနှင့် စိန်များအကြောင်းဖြစ်ပြီး စိန်အကြောင်းလေ့လာနေသော သူများနှင့် စိန်ချစ်သူ မိဘပြည်သူတို့ ဗဟုသုတရရှိစေရန် မျှော်လင့်မိပါသည်။