စိန်အကြောင်းသိကောင်းစရာ

ဈေးကွက်တွင်တွေ့ရသော စိန်အမျိုးအစားများအကြောင်း

typesofdiamondsfoundinthemarket

စိန်သည် ကျောက်မျက်ရတနာများအားလုံးထဲတွင် အဖိုးထိုက်တန်ဆုံးနှင့် လူကြိုက်အများဆုံး ကျောက်မျက်ရတနာ တစ်ခုဖြစ်သည့်အပြင် လှပပြီး မာကြောမှုအရှိဆုံးကျောက်မျက်ရတနာ တစ်ခုဖြစ်သောကြောင့် လူကြိုက်အများဆုံးဖြစ်သည်နှင့်အညီ စိန်အကြောင်းလေ့လာနေသောသူများနှင့် စိန်ချစ်သူများအတွက် ရည်ရွယ်၍ ယနေ့ခေတ် ဈေးကွက်တွင် တွေ့ရသော စိန်အမျိုးအစားများအကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

ဈေးကွက်တွင်တွေ့ရသော စိန်များကို အကြမ်းအားဖြင့် အဆင့်သတ်မှတ်ချက်အလိုက် ခွဲခြားနိုင်သလို GIA Certificate သတ်မှတ်ချက်အဆင့်အလိုက်လည်း ခွဲခြားကြပါသည်။ ဒါ့အပြင် စိန်၏ အရောင်များ၊ ကာရက်များနှင့် သဘာဝ ပုံပန်းသဏ္ဌာန် အရ သော်လည်းကောင်း  စသည်ဖြင့် တန်ဖိုးခွဲခြားလေ့ ရှိကြပါသည်။

ပထမဆုံးစိန် အမျိုးအစားမှာ သဘာဝစိန်များ ( Natural Diamond) ဟုခေါ်သော သဘာဝအလျှောက်ဖြစ်ပေါ်သော စိန်သည် တန်ဖိုးအကြီးဆုံးဖြစ်ပြီး သူ၏ အရွယ်အစား၊ ပုံပန်းသွင်ပြင်နှင့် အရောင်များသည် အမျိုးမျိုးရှိကာ ကာရက်အလိုက်တန်ဖိုးမြင့်မားသည့် ဈေးကွက်တွင်တွေ့ရသော တန်ဖိုးအကြီးဆုံး စိန်ဖြစ်ပါသည်။

ဒုတိယ စိန်များမှာImitation Diamond ဟုခေါ်သော လူလုပ်စိန်များဖြစ်ပြီး ဓာတ်ခွဲခန်းတွင် ဖန်တီး၍ ပြုလုပ်ထားသည့် စိန်အမျိုးအစားဖြစ်ပြီး သူသည်လည်း အရောင်အသွေးနှင့် အရွယ်အစား အမျိုးမျိုးရှိကာ လူတို့စိတ်တိုင်းကျ ပြုလုပ်ဖန်တီးထားသောကြောင့် တန်ဖိုးအားဖြင့် သဘာဝစိန်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဝန်းကျင်ခန့် ကွာခြားနိုင်ပါသည်။

ပျက်စီးသွားသည့် စိန်များကို ပြန်လည်ပြုပြင်ခြင်းနှင့် ပြင်ဆင်ခြင်း ပြုလုပ်သော စိန်အမျိုးအစားကိုလည်း ဈေးကွက်တွင် တွေ့ရပါသည်။ ထိုစိန်များသည် သဘာဝအလျောက် ရရှိလာသော စိန်များ ပျက်စီးသွားသည့် အခါမျိုးတွင်ဖြစ်စေ၊ လူများပြုလုပ်ဖန်တီးထားသော စိန်များ လိုချင်သည့်ပုံစံမရသည့်အခါမျိုးတွင်ဖြစ်စေ ထိုစိန်များကို နည်းပညာ တစ်ခုအနေနှင့် ပြန်လည်ပြုပြင်ဖန်တီးပြီး ဈေးကွက်တွင် တန်ကြေးတစ်ခုအနေနှင့် ရောင်းချကြသော စိန်အမျိုးအစားများဖြစ်ပါသည်။

ဈေးကွက်တွင် နောက်ထပ်တွေ့ရှိရသောစိန်များမှာ သဘာဝဖန်စီအရောင်ရှိသည့် စိန်များဖြစ်ပြီး ထိုစိန်များသည် တွေ့ရှိမှု ရာခိုင်နှုန်းအနည်းဆုံးနှင့် တန်ဖိုးအမြင့်ဆုံး စိန်များဖြစ်ပါသည်။အရောင်အားဖြင့်ဆိုလျှင် အပြာ၊ ခရမ်းရောင်၊ အနီ၊ အစိမ်း၊ အဝါ၊ မီးခိုးရောင်၊ အဖြူရောင်နှင့် အနက်ရောင် အစရှိသည့်အရောင်များကို သဘာဝအတိုင်း တွေ့ရှိရသလို လူတို့ဖန်တီးထားသော စိန်များလည်းတွေ့ရှိရပြီး တန်ဖိုး သတ်မှတ်ချက်အားဖြင့်ဆိုလျှင် အမျိုးအစားပေါ်မူတည်၍ သတ်မှတ်ထားခြင်းမျိုး ရှိပါသည်။

ယနေ့ခေတ်တွင် အထက်ဖော်ပြပါ စိန်အမျိုးအစားများသည် ဈေးကွက်တွင် တွေ့ရှိရလေ့ရှိသော အမျိုးအစားများဖြစ်ပြီး ဈေးနှုန်းသတ်မှတ်ချက်အားဖြင့် GIA Certificate ရယူထားသည့် စိန်များဖြစ်ပါက ကာရက်တူလျှင်တောင် ဈေးနှုန်းအားဖြင့်ကွာခြားနိုင်ပါသည်။