Press Release

U Hton Goldsmith & Win and Myint Co. Partnership

Press Release UHWM 02 1

ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်သည် ရွှေအရည်အသွေးကို စံချိန်မှီရွှေသားနှင့် ပြုလုပ်ထားပြီး ဝယ်သူများ စိတ်ကျေနပ်မှု ရရှိရန်အတွက် အထည်များကို လက်လီ လက်ကားရောင်းချ ပေးခြင်း၊ ကိုယ်ပိုင် ပန်းထိမ်ရှိသည့် အတွက် customers များစိတ်ကြိုက် orders များအပ်နိုင်ကာ အလျော့တွက်လက်ခများမှာ အသက်သာဆုံးဖြစ်အောင် ဆောင်ရွက်ပေးခြင်း၊ ရွှေအရည်အသွေးအလိုက် ခိုင်ခန့်မှုရှိအောင်ပြုလုပ်ပေးခြင်း အစရှိသောဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။  မိတ်ဟောင်းမိတ်သစ် Customers များအပေါ် စေတနာထားကာ ရွှေရည်အပြည့်အဝဖြင့်ရောင်းချပေးနေသော ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်သည် ယခုအခါတွင် ဆိုင်အမှတ် (၁) နှင့် ဆိုင်အမှတ် (၂) ဟူ၍ ဖွင့်လှစ် ရောင်းချပေးလျက်ရှိရာ ဆိုင်ခွဲများတွင် ဝန်ထမ်းများ၏ စီမံခန့်ခွဲမှုပိုင်းအတွက် Win & Myint Co.,Ltd နှင့် ပူးပေါင်းခဲ့ပါသည်။ Win & Myint Co.,Ltd သည် 2020 ခုနှစ်တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကုမ္ပဏီ တစ်ခု ဖြစ်ကာ ပြည်တွင်းနှင့် နိုင်ငံတကာများတွင် စီးပွားရေးလုပ်ငန်းကြီးများကို ကြီးပွားတိုးတက် အောင်မြင်စေရန် ရည်ရွယ်၍ စွန့်ဦးတီထွင်ကုမ္ပဏီတစ်ခုအနေဖြင့် လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်နှင့် Win & Myint Co.,Ltd တို့ ပူးပေါင်းကာ ဝန်ထမ်းများ၏ စီမံခန့်ခွဲမှုအပိုင်းများ၊ ဝန်ထမ်းအသစ်များခေါ်ယူခြင်း၊ အထည်ပစ္စည်းများအား လက်လီရောင်းဝယ်ခြင်း၊ လက်ကားဖြန့်ဖြူးရောင်းချခြင်းများ၊ Digital Sale လုပ်ငန်း များနှင့် ဦးထုံရွှေဆိုင်၏ နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများဖြစ်သည့် Graphics , Live,Online Sale, Digital Marketing စသည်တို့ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် Website တစ်ခုကိုလည်း ပူးပေါင်းတည်ထောင်နိုင်ခဲ့ကာ Customers များအတွက် ၂၄နာရီ အချိန်မရွေး အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် Website မှတဆင့် အထည်ပစ္စည်းများကို ရွေးချယ်ဝယ်ယူနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိခဲ့ပါသည်။

Win & Myint Co.,Ltd သည် လူကြီးမင်းများ၏ လုပ်ငန်းပန်းတိုင်များကို အောင်မြင်မှုများဆီသို့ လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် စိတ်ဝင်စားလျက်ရှိပြီး အကျိုးသက်ရောက်စေနိုင်သည့် ကွဲပြားခြားနားသော အတွေးအခေါ်များနှင့် ဖန်တီးမှုများကို လက်ကမ်းကြိုဆိုလျက်ရှိပြီး မြန်မာနိုင်ငံရှိ ပွင့်လင်းမြင်သာသော စီးပွားနယ်ပယ်တစ်ခုတွင် နေရာတစ်ခုအနေဖြင့် အကောင်းဆုံးကြိုးစားရပ်တည်နေပြီ ဖြစ်ပါသည်။ လူကြီးမင်းများ၏ လုပ်ငန်းများ ချဲ့ထွင်လုပ်ကိုင်နိုင်စေရန်အတွက် Win & Myint Co.,Ltd နှင့်အတူ ပူးပေါင်း ပါဝင်လက်တွဲလုပ်ကိုင်လိုသော လုပ်ငန်းများအနေဖြင့် အောက်ပါအတိုင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Win & Myint Co.,Ltd
အခန်း (B) 07-05 (မြေညီထပ်)၊ လမ်းမတော်ပလာဇာ (သံဈေးအနီး)၊ လမ်းမတော်လမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။
Tel: 09 885 152 305
Viber: +959 885 152 305
Facebook Link: https://www.facebook.com/winandmyintco