ရွှေအကြောင်းသိကောင်းစရာ

18 K ရွှေ ဘာကြောင့်လူကြိုက်များပြီး ခေတ်စားလာတာလဲ?

whyis18kgoldsopopular

ရွှေချစ်သူ လူငယ်လူရွယ်လေးများအကြားတွင် လူကြိုက်များပြီး ခေတ်စားလာသော 18 K ရွှေအကြောင်းလေးနှင့် ပတ်သက်ပြီး သိထားသင့်သော အကြောင်းအရာလေးများကို မျှဝေတင်ဆက်ပေးလိုက်ပါသည်။

လက်ဝတ်ရတနာများကို ရွှေဖြင့် ပြုလုပ်သောအခါတွင် ရွှေကို တိုင်းတာရန်အတွက် ရွှေ၏ သန့်စင်မှုကို သတ်မှတ်ရန် “ကာရက် နံပါတ်” အဆင့်သတ်မှတ်စနစ်ကို အသုံးပြုရပါသည်။ ရွှေသည် တန်ဖိုးရှိသော တွင်းထွက်ရတနာတစ်ခု ဖြစ်သည်နှင့်အညီ နူးညံ့သော ဒြပ်စင်သတ္တုတစ်မျိုးလည်း ဖြစ်သည်။ ထို့ကြောင့် ရွှေကို ရွှေသီးသန့် ပြုလုပ်ဝတ်ဆင်၍မရပဲ ငွေကဲ့သို့သော သတ္တုတစ်မျိုးမျိုးနှင့် ပေါင်းစပ်၍ လက်ဝတ်ရတနာများကို ဖန်တီးလေ့ရှိကြသည်။ သတ္တုတစ်မျိုးမျိုးနှင့် ရောစပ်မှသာ လိုချင်သောပုံစံဒီဇိုင်းကို ပြုလုပ်နိုင်ပြီး ပို၍လည်း မာကျောမှုရှိနိုင်မည် ဖြစ်ပါသည်။ ရွှေထဲတွင် ပါဝင်သော သတ္တုများလေလေ ပိုမိုခိုင်မာမှုရှိလေ ဖြစ်သည်။

24 K ရွှေအမျိုးအစားသည် ၁၀၀ ရာခိုင်နှုန်း သန့်စင်သောရွှေပါဝင်သဖြင့် တန်ဖိုးအကြီးဆုံး ရွှေအမျိုးအစား ဖြစ်သည်။ သို့သော် ၁၀၀ ရာခိုင်နှုန်း သန့်စင်သောရွှေပါဝင်မှုကြောင့် အလွန်ပျော့ပြီး အလွယ်တကူ ရွှေထည်များ ပွန်းပဲ့နိုင်သောကြောင့် နေ့စဉ်ဝတ်ဆင်ရန် သင့်တော်မည် မဟုတ်ပေ။

18 K ရွှေကို ၁၂ပဲရည် ရွှေဟု ခေါ်ဆိုကြပြီး သန့်စင်သောရွှေ ၇၅ ရာခိုင်နှုန်းခန့် ပါဝင်သောကြောင့် သင့်တင့်သော မာကျောမှုရှိသည့်အပြင် ဈေးနှုန်းအနေနှင့်လည်း အခြားသော ရွှေအမျိုးအစားများထက် ပိုမိုသက်သာသည်။ ထို့အပြင် နေ့စဉ်ဝတ်ဆင်ရာတွင်လည်း အဆင်ပြေလှသောကြောင့် ယခုအခါ လူငယ်လူရွယ်များအကြားတွင် လူကြိုက်အများဆုံး ရွှေအမျိုးအစားဖြစ်လာရခြင်း ဖြစ်သည်။ 18 K ရွှေသည် အခြားသော ရွှေရည်များထက် ရွှေပါဝင်မှု နည်းသောကြောင့် အရောင်အားဖြင့် အနည်းငယ်နုနိုင်ပြီး သတ္တုရောစပ်မှုရှိသော်လည်း အကယ်၍ ကျောက်မျက်ရတနာ တစ်မျိုးမျိုးနှင့် ဒီဇိုင်းဖန်တီးပြီး လက်ဝတ်ရတနာပြုလုပ်လျှင် 18 K ရွှေကို ပိုမိုရွေးချယ်သင့်ပါသည်။ ဒါ့အပြင် အမြဲတစေ ဝတ်ဆင်ထားချင်လျှင် 18 K ရွှေသည် ပိုမို အကြမ်းခံသော အမျိုးအစားဖြစ်ပါသည်။

သို့သော် ရွှေသည် ရွေးချယ်သော သတ္တုပေါ် မူတည်၍ အဝါရောင်ရွှေ၊ အဖြူရောင်ရွှေနှင့် ပန်းရောင်အရောင်ရှိသည့် ရွှေများရရှိရန်အတွက် ကွာခြားချက်သည် ရွှေနှင့် သတ္တုရောစပ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ သတ္တုနှင့်ရောစပ်သည့်အခါ အကောင်းဆုံး ရွှေကာရက်အမျိုးအစားမှာ 18 K ဖြစ်သည်။ ရွှေကို ဝတ်ဆင်ရာတွင် အရောင်စိုပြည်မှုအနေနှင့်လည်း 18 K ရွှေအမျိုးအစားသည်လှပပြီး ဆွဲဆောင်မှုရှိသောကြောင့် လူကြိုက်များသည်။ ထို့အပြင် 18 K ရွှေသည် စီးပွားရေးဈေးကွက်တစ်ခုအနေနှင့်စုဆောင်းလိုသူများအပြင် အရောင်းအဝယ်ပြုလုပ်ရန်လည်းလွယ်ကူသောကြောင့် လူကြိုက်များသည့် ရွှေအမျိုးအစားဖြစ်သည်။